ဒေါ်အောင်ဆန်းစုကြည် ဆစ်ဒနီ ရောက်ပြီ

ပို့စ်တင်ချိန် - 11/27/2013 01:34:00 PM

ကြိုဆိုနေကြသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် (Credit: ABC)

မြန်မာ့ ​ဒီမိုကရေစီ ​ခေါင်းဆောင် ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​သြစတြေးလျနိုင်ငံ ​ဆစ်ဒနီမြို့ကို ​ရောက်ရှိလာပါပြီ။

ဒေသစံတော်ချိန် ​မနက် ​၈ ​နာရီခန့်မှာ ​ရောက်ရှိလာခဲ့တာ ​ဖြစ်ပြီး ​မြန်မာ ​မိသားစုဝင် ​၁၀၀ ​လောက်က ​လာရောက် ​ကြိုဆို ​ခဲ့ကြတယ်လို့ ​သိရပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေး ​၀န်ကြီးဌာနရဲ့ ​ကြိုဆိုခွင့် ​တားမြစ်ခံခဲ့ရတဲ့ကြားက ​ဇွဲရှိရှိလာရောက်ကြတဲ့ ​မြန်မာ ​မိသားစုဝင်တွေကို ​ဒေါ်အောင်ဆန်းစုကြည်က ​လုံခြုံရေးတွေကို ​ကျော်ဖြတ်ပြီး ​တရင်းတနှီး ​နုတ်ဆက်ခဲ့ပါတယ်။

နိုဝင်ဘာ ​၂၇ ​ရက်နေ့ ​မွန်းလွဲပိုင်းမှာတော့ ​New ​South ​Wales ​ဘုရင်ခံချုပ်ရုံးမှာ ​ဂုဏ်ပြု ​နေ့လည်စာ ​စားသုံးပြီး ​မြန်မာ ​မိသားစုဝင်တွေနဲ့ ​နေ့လည် ​၃ ​နာရီမှာ ​တွေ့ဆုံမယ်လို့ ​သိရပါတယ်။

ညနေ ​၅ ​နာရီ ​အချိန်မှာတော့ ​ဆစ်ဒနီမြို့ရဲ့ ​​အထင်ကရနေရာတခုဖြစ်တဲ့ ​​Sydney ​​Opera ​​House ​​မှာပြုလုပ်မယ့် ​​တက္ကသိုလ် ​​၃ ​​ခုပေါင်း ​​ဘွဲ့နှင်းသဘင် ​​အခမ်းအနားမှာ ​​အမှာစကား ​​ပြောကြားဖို့ ​​ရှိပါတယ်။

အဲဒီအခမ်းအနားကို ​အွန်လိုင်းကနေ ​တိုက်ရိုက်ထုတ်လွှင့်သွားမှာ ​ဖြစ်ပြီး ​အောက်က ​လင့်ခ်မှာ ​ကြည့်ရှုနိုင်ကြပါတယ်။

http://www.abc.net.au/news/2013-11-26/aung-san-suu-kyi-speaks-at-the-sydney-opera-house/5115706

ABC Radio Australia