ဘယ်သူတွေ အကယ်ဒမီ ဆုတွေ ရကြမလဲ

ပို့စ်တင်ချိန် - 12/29/2013 01:50:00 PM


၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ က စတင်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဒီနှစ်အတွက် အကယ်ဒမီကို ဘယ်သူတွေ ဘာတွေ ပြောဆိုထားကြလဲ ဆိုတာ ဧရာဝတီက အပိုင်း ၃ ပိုင်း နဲ့ ဖော်ပြခဲ့ပါတယ်။

အပိုင်း ၁ မှာတော့ ဆုရွှေးချယ်ရေးအဖွဲ့ဝင် တဦးဖြစ်တဲ့ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်နဲ့ ရုပ်ရှင်အစည်းအရုံး ဒု ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က ဘာတွေ ပြောဆိုထားတယ်ဆိုတာ ဖော်ပြပေးခဲ့ပါတယ်။

တခါ အကယ်ဒမီနဲ့ပတ်သက်တဲ့ ဧရာဝတီရဲ့ ဒုတိယပိုင်း ဖော်ပြမှုမှာတော့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်နဲ့ လက်ပံ ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ပြေးနေသူ ဒါရိုက်တာ ဝိုင်းတို့ရဲ့ အသံတွေကို ဖော်ပြပေးခဲ့ပါတယ်။

အကယ်ဒမီနဲ့ပတ်သက်တဲ့ ဧရာဝတီရဲ့ တတိယပိုင်း ဖော်ပြမှုမှာလည်း ကယန်းအလှ ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ပြေးနေသူ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ အသံကို ဖော်ပြလိုက်ပါတယ်။

ဒီနှစ်အကယ်ဒမီ ဆုပေးပွဲနဲ့ပတ်သက်ပြီး တချို့သတင်းတွေမှာတော့ မြန်မာပြည်သူတွေက သိပ်ပြီး  စိတ်မဝင် စားကြောင်း ဖော်ပြတာတွေ ရှိသလို မီဒီယာတွေက  သပိတ်မှောက်မှာကို စိုးရိမ်နေတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေလည်း တွေ့ရပါတယ်။

ဒီကနေ့ ညနေမှာ ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲမှာ ဘယ်သူတွေ  အကယ်ဒမီ ဆုတွေ ဆွတ်ခူး ရမလဲ ဆိုတာ အချိန်ပိုင်သာ လိုအပ်ပါတော့တယ်။

အကယ်ဒမီ ဆုပေးပွဲကိုတော့ နေပြည်တော်မှာ ကျင်းပခဲ့ရာက အခု ရန်ကုန်မှာ ပြန်ကျင်းပတာ ဖြစ်ပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီ သတင်း