The Irrawaddy (Burmese Version) added 8 new photos to the album မိုးစက်ဝိုင်ကို Alpine ၏ Brand Ambassador အဖြစ် ခန့်အပ်.

ပို့စ်တင်ချိန် - 12/29/2013 08:15:00 AM




Miss Universe Myanmar မိုးစက်ဝိုင်ကို Alpine ၏ Brand Ambassador အဖြစ် ခန့်အပ်လိုက်သည်။ Alpine ၏ Brand Ambassador အဖြစ် ခန့်အပ်လိုက်သည့်အတွက် Alpine ၏ထုတ်ကုန်များတွင် မိုးစက်ဝိုင် ၏ပုံရိပ်များအသုံးပြုသွားမည့်အပြင် Alpine ၏အရောင်းမြင့်တင်မှုအစီအစဉ်အချို့တွင်လည်း မိုးစက်ဝိုင်မှပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။ မိုးစက်ဝိုင်သည် ယခင်က Alpine ကုမ္စဏီ၏၀န်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီးနောက် ယခုအစီအစဉ်သည် Alpine ကုမ္စဏီနှင့် ပြန်လည် လက်တွဲ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ ယခင်မိတ်ဆွေဟောင်းများနှင့်ပြန်လည်လက်တွဲရသည့်အတွက် ၀မ်းသာကြည်နှုးမိကြောင်းမိုးစက်ဝိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ မိုးစက်ဝိုင်အား Brand Ambassador စာချုပ်ချုပ်ဆိုမှုမှာငွေကျပ်သိန်းသုံးရာ တန်ဖိုးရှိသည့် စာချုပ်ချုပ်ဆိုမှုဖြစ်ကြောင်း Alpine ကုမ္စဏီ၏ CEO ဒေါက်တာ စိုင်းစံထွန်း ကပြောကြားခဲ့သည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

ဧရာဝတီ သတင်း