ရွှေပေါက္ကံ ၁၅ရပ်ကွက် နေအိမ်တစ်လုံးမီးလောင် ကျပ်သုံးသိန်းကျော် ဆုံးရှုံး

ပို့စ်တင်ချိန် - 11/10/2013 08:23:00 PM


နန်းမြင့်| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်း၊ မြောက်ဥကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် ၁၅ရပ်ကွက်၊ န၀ရက်လမ်း၊ အမှတ် ၇၉၁ ရှိ
သွပ်မိုး၊ ပျဉ်ထောင် အိမ်တစ်လုံး နိုဝင်ဘာလ ၁၀ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျပ် သုံးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမီးလောင်မူသည် နေ့လည် ၃နာရီ ၁၅မိနစ်အချိန်တွင် ဖြစ်ပွာခဲ့ပြီး အိမ်တွင်းရှိ ရေခဲသေတ္တာမော်တာ အပူလွန်ကဲရာမှ စတင်ဖြစ်ပွားခဲ့သဖြင့် ၁၅ပေ ၃၀ပေရှိ အိမ်အမိုး၊အကာနှင့် အိမ်တွင်းပစည်းများ မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၃၈,၇၅၀၀ ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် ၁၃စီး၊ ကွက်ကဲမှုအုပ်ချုပ်မှုယာဉ် ၃စီး၊ သန္ဓေမီးသတ် ၇၂ဦး၊ အရန်မီးသတ် ၅၉ဦး၊ ဖြင့်သွားရောက်မီးငြှိမ်းသတ်ရာ နေ့လည် ၃နာရီ ၅၀မိနစ်တွင် မီးငြိမ်းသွားသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ပိုင်ရှင်အား ရွှေပေါက်ကံရဲစခန်းမှ ပ-၂၀၄/ ၂၀၁၃၊ ပုဒ်မ-၂၈၅ဖြင့် အရေးယူထားကြောင်းသိရသည်။

(မဇ္ဈိမသတင်းဌာန)
Mizzima - News in Burmese