နယ်လှည့်ပြီး ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးမယ်

ပို့စ်တင်ချိန် - 12/05/2013 08:59:00 AM

 ဓာတ်ပုံ- မြန်မာခရိုနီကယ်ဒေါ့ကွန်း

မော်တော်ယာဉ်မောင်း လိုင်စင်ကို နယ်လှည့်ပြီး လိုင်စင်သက်တမ်းတိုးပေးတဲ့ကိစ္စကို ရထားပို့ဆောင်ရေးနဲ့ ကုန်းလမ်းပို့ဆောင်ရေး ဝန်ကြီးဌာနက လုပ်ဆောင်ပေးမှာပါတဲ့။

ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လ အတွင်း အောက်ဖော်ပြပါ မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်
မောင်း လိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ ကြိုတင် ပြင်ဆင်နိုင်ရန် အတွက် အသိပေး ကြေညာအပ်ပါသည်။

စဉ်   တိုင်းဒေသကြီး/ ပြည်နယ်    မြို့နယ်


၁ နေပြည်တော် - တပ်ကုန်း
၂ ရန်ကုန်တိုင်းဒေသကြီး- လှည်းကူး၊ သုံးခွ
၃ မန္တလေးတိုင်းဒေသကြီး- မတ္တရာ၊ သာစည်၊ ညောင်ဦး၊ တံတားဦး
၎ ရှမ်းပြည်နယ်- ပင်းတယ၊ မိုင်းရှူး၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းဖြတ်၊ မိုင်းယောင်း
၅ ကချင်ပြည်နယ်- ပူတာအို၊ ဝိုင်းမော်၊ ရွှေကူ၊ ဟိုပင်
၆ ကရင်ပြည်နယ်- လှိုင်းဘွဲ
၇ စစ်ကိုင်းတိုင်းဒေသကြီး- အရာတော်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ကူး၊ ရေဦး၊ တန့်ဆည်၊ တမူး
၈ ပဲခူးတိုင်းဒေသကြီး- ညောင်လေးပင်၊ ပန်းတောင်း၊ ကြို့ပင်ကောက်
၉ မကွေးတိုင်းဒေသကြီး- ချောက်၊ ဂန့်ဂေါ၊ ထီးလင်း၊ မင်းတပ်၊ စေတုတ္တရာ၊ အောင်လံ
၁၀ မွန်ပြည်နယ်- ချောင်းဆုံ၊ ပေါင်
၁၁ ရခိုင်ပြည်နယ်- ဘူးသီးတောင်၊ မောင်တော
၁၂ ဧရာဝတီတိုင်းဒေသကြီး- မြောင်းမြ၊ မော်ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ မြန်အောင်၊ ကြံခင်း
ဧရာဝတီ Myanmar News