ဇွဲကပင်အသင်းပိုင်ရှင်ကို အရေးယူရန် ဥပဒေမရှိသေးဟု စည်းကမ်းထိန်းသိမ်းရေးဥက္ကဋ္ဌဆို

ပို့စ်တင်ချိန် - 2/19/2014 05:49:00 PM




ရဲရင့်ဌေး|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့သော ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဋ္ဌေး၏ အမှုကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ တိုင်ကြားလာပါက အရေးယူရန်အတွက် ဥပဒေမရှိသေးဟု မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်း သိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးကမဇ်္ဈိမသို့ ပြောသည်။

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ်ပွဲတွင် ကွင်းလယ်ဒိုင် ဦးလှမင်းအနေဖြင့် ဆုံးဖြတ်ချက်အမှားများ ပြုလုပ်ခဲ့သည်ဟု ဦးလှဋ္ဌေးကစွပ်စွဲကာ ပါးရိုက်ခဲ့ခြင်းဖြစ်ပြီး ဒိုင်ကော်မတီက စည်းကမ်းထိန်းသိမ်းရေးကိုတိုင်ကြားရန် စီစဉ်နေသည်။“လောလောဆယ်တော့ စည်းကမ်း ထိန်းသိမ်းရေးကို တိုင်ချက်မရောက်သေးပါဘူး။ တိုင်ချက်ရောက်လာရင်လည်း ဘယ်လိုဥပဒေနဲ့ အရေးယူ ရမလဲဆိုတာ မသိသေးဘူး။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှာ ဥပဒေလည်း မရှိသေးဘူး။ ဒီကိစ္စက မဖြစ်သင့်တဲ့ကိစ္စပါ။ တိုင်ကြားလာရင်တော့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်မှာပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဦးခင်မောင်ထွေးက ပြန်လည်ဖြေကြားသည်။

Mizzima - News in Burmese