ယူကရိန်းကိစ္စ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ညကြီးမင်းကြီးကျင်းပ

ပို့စ်တင်ချိန် - 4/15/2014 01:25:00 PM


ကုလသမဂ္ဂ ဧပြီ ၁၄

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှားလိုလားသူ စစ်သွေးကြွများက အစိုးရအဆောက်အအုံများကို သိမ်း ပိုက်လိုက်ပြီးနောက် တင်းမာမှု များ မြင့်မားလာသည်ကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ညပိုင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

ဧပြီလအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျသဘာ ပတိ နိုင်ဂျီးရီးယားနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ဂျွိုင်းအော်ဝူက ယမန်နေ့ည ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် အစည်းအဝေးကို ဖွင့် လှစ်လိုက်သည်။ တနင်္လာနေ့ နံနက်ပိုင်း တွင် နောက်ဆုံးထား၍ လက်နက်ချရန်နှင့် သို့မဟုတ်ပါက ယူ ကရိန်းလက်နက်ကိုင် တပ်ဖွဲ့များ၏ အကြမ်းဖက်သမား အမြစ်ဖြုတ်စစ်ဆင်ရေးနှင့် ရင်ဆိုင်ရမည်ဖြစ် ကြောင်း ကိယက်ဗ်အစိုးရအဖွဲ့၏ ရာဇသံနောက်ဆုံးအချိန်မတိုင်မီ အစည်းအဝေးကို စတင်လိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း မော်စကိုက ၄င်း၏ပိုင်နက်သို့ သွတ်သွင်းခဲ့သည့် ခရိုင်းမီးယားဒေသသို့ ရုရှားတပ်ဖွဲ့ဝင် ၂၅ဝဝဝကို ထပ်မံဖြည့်စွက်ကာ ယူကရိန်းနယ်စပ်အနီးတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် တပ်ဖွဲ့ဝင်များ ထောင်နှင့်သောင်းနှင့်ချီ၍ ရုရှားက ဖြန့်ကြက်ချထား လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး က ပြောကြားသည်။

တိုက်လေယာဉ်များ၊ တင့်ကားများ၊ အမြောက်ကြီးများနှင့် ထောက်ပို့ ယူနစ်များ အပြည့်အစုံပါဝင်သည့် ရုရှားတပ်ဖွဲ့ဝင် ၃၅ဝဝဝ မှ ၄ဝဝဝဝ ခန့် ယူကရိန်းနယ်စပ်အနီးတွင်ရှိနေကြောင်း ဂြိုဟ်တုပုံရိပ်များအရ သိရသည်။ သံအမတ်ကြီး သတ်ခ်လိုင်ယယ်ဂရန့်က လုံခြုံရေး ကောင်စီ အစည်းအဝေး၌ ပြောကြားသည်။

အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီသည် အကြမ်းဖက် သမားများအား အမြစ်ဖြုတ်အပြုတ်နှံမည့် လုံးဝဥဿုံစစ်ဆင်ရေးကြီးကို ယူကရိန်းလက်နက်ကိုင်တပ်များနှင့် ဆင်နွှဲမှုပြုလုပ်သွားရန် ဆုံး ဖြတ်လိုက်ကြောင်း၊ မိမိတို့အနေဖြင့် ခရိုင်းမီးယား အဖြစ်မျိုး နောက်တစ်ဖန် ဖြစ်ပေါ်စေရန် ရုရှားကို ခွင့် ပြုတော့ မည်မဟုတ်ကြောင်း ယူကရိန်း သမ္မတတာချီနော့ က ပြောကြားသည်။

ယူကရိန်းအစိုးရ၏ ရာဇသံနှင့် နယ်စပ်အနီး ရုရှားတပ် များ ရောက်ရှိနေ မှုတို့ကြောင့် ရုရှားနှင့် ယူကရိန်း တို့အကြား စစ်ရေးအရ ထိပ်တိုက်တွေ့ ဆုံလာနိုင်မည့် အရေးကို စိုးရိမ်ပူပန်မှု များ မြင့်တက်လာ လျက်ရှိသည်။

(ဆင်ဟွာ/ရိုက်တာ)
MOI Webportal Myanmar