အမှုဖြင့်ဖမ်းဆီးထားသည်ကိုမကျေနပ်၍ တစ်ရပ်ကွက်လုံးမီးရှို့ပစ်မည်ဟု ဆိုကာ နေအိမ်အားမီးရှို့ခဲ့သူများကို အရေးယူ

ပို့စ်တင်ချိန် - 4/15/2014 07:19:00 PM



ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၄၅ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး
အရှေ့ရပ်ကွက်၊ အင်ကြင်းမြိုင်လမ်းရှိ ဦးမောင်ဦး(ခ)တင်မောင်ဦး၏နေအိမ်
မီးဖိုဝါးထရံနှင့် အိမ်ချင်းကပ်လျက်နေ မဇင်မီမီထွန်း(ခ)ဇင်မီလေး၏နေအိမ်
နောက်ဖေးမီးဖိုဝါးထရံတို့ကို မီးကူးလောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ
နှင့် ပတ်ဝန်းကျင်တို့မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၇၅၀ အချိန်တွင်မီးငြိမ်းသွားခဲ့
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၆၀၀ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ
ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာအား ရေပက်စဉ်
ပါးနမ်းသကဲ့သို့ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း
(ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများရန်ဖြစ်ခဲ့ကြရာ မဇင်မီမီထွန်း
(ခ)ဇင်မီလေးမှ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့၍ ဒေါ်တင်တင်မော်သေဆုံးခဲ့ရပြီး
နှစ်ဘက်အပြန်အလှန်အမှုဖွင့် တိုင်ကြားခဲ့ကြသဖြင့် မဇင်မီမီထွန်း(ခ)
ဇင်မီလေးကို အမှုဖြင့်ဖမ်းဆီးထားရှိသည့်ကိစ္စအား မဇင်မီမီထွန်း(ခ) ဇင်မီလေး၏ဆွေမျိုးများဖြစ်သည့် ဦးမောင်ဦး(ခ)တင်မောင်ဦးနှင့် သားဖြစ်သူ ရဲလင်းထက်တို့မှ မကျေနပ်၍တစ်ရပ်ကွက်လုံးအားမီးရှို့ပစ်မည်ဟု
ကြိမ်းမောင်းပြီး နေအိမ်ကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ဦးမောင်ဦး(ခ)တင်မောင်ဦး၊ (၄၁)နှစ်၊ (ဘ)ဦးကျော်ငွေနှင့် သားဖြစ်သူ ရဲလင်းထက်၊ (၁၉)နှစ်တို့(၂)ဦးကို ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police