ကမ္ဘာလှည့်ခရီးသည်၏ မေ့ကျန်ပစ္စည်း ပြန်လည်ပေးအပ်

ပို့စ်တင်ချိန် - 4/15/2014 12:35:00 PM


ရန်ကုန် ဧပြီ ၁၄

ရန်ကုန်အပြည်ပြည်ဆိုင်ရာသီလ ဝါဆိပ်ကမ်း MITT သို့ ဧပြီ ၇ ရက် ကရောက်ရှိလာသော M.V Nautica အပျော်စီးသင်္ဘောပေါ်မှ ကမ္ဘာလှည့် ခရီးသည်ဂျာမနီနိုင်ငံသူ Mrs. Maier သည် ဧပြီ ၈ ရက် နံနက် ၁၀ နာရီခွဲ
က TAXI ဖြင့် ဗိုလ်ချုပ်ဈေးမှရွှေတိဂုံ ဘုရားသို့သွားစဉ် iPad နှင့် အသုံး အဆောင်ပစ္စည်းများပါအိတ်တို့ မေ့ ကျန်ခဲ့သဖြင့်ရွှေတိဂုံစေတီဘုရား အခြေ ပြု Tourist Police တပ်ဖွဲ့သို့ တိုင် ကြားခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စုံစမ်းရှာဖွေမှုကြောင့် အငှားယာဉ်မောင်း ဦးတင်ညွန့်နှင့် ဆက်သွယ်နိုင်ပြီး မေ့ကျန်ပစ္စည်းများကို ပြန်လည် ပေးအပ်ရေးစီစဉ်နိုင်ခဲ့သည်။

“ ဒီပစ္စည်းတွေ ပြန်ရပြီဆိုတာကို ကပ္ပတိန်ကတစ်ဆင့် အကြောင်း ကြားထားပြီးပြီ၊ ပစ္စည်းပြန်ရတဲ့သတင်း စကားကြားလို့ သူပျော်နေတယ်၊ ရိုးသားစွာ ပြန်လည်ပေးအပ်ခဲ့တဲ့ ယာဉ် မောင်းဦးတင်ညွန့်နဲ့ ကူညီရှာဖွေ ပေးတဲ့သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်တဲ့။ မြန်မာလူမျိုး တို့ရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်ကိုသူက ချီးကျူးကြောင်း ပြန်အကြောင်းကြားတယ်။ ကျွန်တော်တို့က သူစီး သွားတဲ့ သင်္ဘောနောက် ကပ်မယ့်မွမ်ဘိုင်းဆိပ်ကမ်းအရောက် အမြန် ချောပို့ DHL နဲ့ ပို့ပေးမယ်၊ Mrs. Maier နဲ့ ခင်ပွန်းတို့က သင်္ဘောကြီးနဲ့ လိုက်လာတာမှန်တယ်၊ ကျွန်တော်တို့ ကုမ္ပဏီအစီအစဉ်နဲ့ သွားတာ မဟုတ်ဘူး၊ သူတို့စိတ် ကြိုက်သွားတဲ့ ခရီးစဉ်မှာဖြစ်ပေါ်သွားတဲ့ ကိစ္စပါ” ဟု သင်္ဘောခရီးစဉ် စီစဉ်သည့် Myanmar Voyages ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု ရန်ကုန်တပ်ဖွဲ့စုမှူး ဒုတိယရဲအုပ် သန်းမြင့်ဇော်က “အခုလို နိုင်ငံခြား သားတွေ TAXI ပေါ်မှာ ပစ္စည်းမေ့ ကျန်ခဲ့တဲ့အဖြစ်တွေ ခုလို လိုက်စုံစမ်း တာ ခြောက်မှုတော့ရှိတယ်၊ ပြီးခဲ့တဲ့ ရှစ်ရက်ကလည်း တူရကီနိုင်ငံသား Mr. Zeynop ရွှေတိဂုံဘုရားသို့ TAXI နဲ့အလာမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့တယ်။ ကင်မရာကို ပြန်အပ် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနရဲ့ ဆောင်ရွက်ချက် တွေ အောင်မြင်အောင် ပြည်သူလူထု တွေ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်။ Community Polician ဆိုတာ ပြည်သူလူထုကို အခြေ ပြုပြီး ဆောင်ရွက်နေတဲ့အခါမှာ ယာဉ်မောင်းတွေကလည်း ရိုးသားစွာနဲ့ ပူး ပေါင်းဆောင်ရွက်နေတဲ့အတွက် သူတို့ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်” ဟု ပြောပြသည်။

MOI Webportal Myanmar