နိုင်ဂျီးရီးယားဗုံးခွဲမှု ဘိုကို ဟာရမ် လက်ချက်လို့ ဆို

ပို့စ်တင်ချိန် - 4/15/2014 10:16:00 AM


မနက်ပိုင်း လူစည်ကားချိန်မှာ ဗုံးပေါက်ကွဲခဲ့

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာ မြို့တော် ဆင်ခြေဖုံး ရပ်ကွက်က ဘတ်စ်ကား မှတ်တိုင်တခုမှာ လူ ၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှု တွေဟာ ဘိုကို ဟာရဲမ် အစ္စလာမစ် လက်နက်ကိုင် အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ နိုင်ဂျီးရီးယား သမ္မတ Goodluck Jonathan က ပြစ်တင် ပြောဆိုလိုက်ပါတယ်။

မနက်ပိုင်း လူအသွားအလာ များတဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ၁၂၀လောက်လည်း ဒဏ်ရာ ရသွားပါတယ်။

အခင်းဖြစ်တဲ့နေရာကို သွားရောက် ကြည့်ရှုခဲ့စဉ် သမ္မတ Goodluck Jonathan က ဒီတိုက်ခိုက်မှုဟာ နိုင်ဂျီးရီးယားနိုင်ငံကို နောက်ပြန်ဆွဲဖို့ ကြိုးစားနေသူတွေရဲ့ လုပ်ရပ် ဖြစ်တယ်၊ ဒါပေမယ့် ဘိုကို ဟာရမ် အဖွဲ့ရဲ့ ခြိမ်းခြောက်မှုရန်ကို နိုင်ဂျီးရီးယား နိုင်ငံအနေနဲ့ ကြောက်ရွံ့မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အဓိက လှုပ်ရှားနေတဲ့ ဘိုကို ဟာရဲမ် အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ထုတ်ဖေါ် ပြောတာမျိုး မရှိသေးပါဘူး။

BBC