လင်မယားချင်းစကားများရာမှ နေအိမ်မီးရှို့မှုဖြစ်ပွား

ပို့စ်တင်ချိန် - 4/15/2014 01:25:00 PM


ငွေဆောင် ဧပြီ ၁၅

ဧပြီလ (၁၄) ရက်နေ့ ည (၉း၀၀) နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ သဇင်ကျေးရွာအုပ်စု သပြေခုန်ကျေးရွာနေ မချိုနွယ်ထွန်းနှင့် မောင်ဇင်နိုင်လင်းတို့ လင်မယားချင်း စကားများရာမှ ၎င်းတို့နေအိမ်ရှေ့ခန်းတွင် ထိုင်နေသော မချိုနွယ်ထွန်း၊ မဇင်နွယ်ထွန်း၊ မအိအိမွန်၊ မစိမ်းဒါလီနိုင်၊ မမိုးမိုးအေးနှင့် ကိုဇော်မျိုးတို့အား မောင်ဇင်နိုင်လင်းမှ အိမ်ပေါက်ဝတွင် ဓာတ်ဆီပုံးကိုင်လာပြီး ၎င်းတို့အား ဓာတ်ဆီနှင့်ပတ်၍ မီးရှို့ထွက်ပြေးသွားသဖြင့် နေအိမ်မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မဇင်နွယ်ထွန်း အသက် (၂၆) နှစ်၊ (အဘ) ဦးသန်းကြည်တွင် ဝဲဘက်ပေါင်ရင်းမှ လက်ချောင်းများထိ မီးဟပ်၍ အရေခွံများ လန်ထွက်နေသည့် ဒဏ်ရာ၊ ဝမ်းဗိုက်နှင့် မျက်နှာများတွင် မီးလောင်သည့် ဒဏ်ရာများဖြင့် လည်းကောင်း၊ မအိအိမွန် အသက် (၃)နှစ် (အဘ) ဦးဇင်နိုင်လင်းမှာ ဝဲဘက်ပါးပြင် မီးဟပ်ထားသည့် ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ မချိုနွယ်ထွန်း အသက် (၃၂) နှစ် (အဘ) ဦးသန်းကြည်၏ သမီးမှာ ဝဲဘက် ပေါင်ရင်းမှ ခြေချောင်းများအထိ မီးလောင်ထား၍ အရေခွံများ လန်ထွက်နေသည့် ဒဏ်ရာ၊ ဝဲယာလက်မောင်းမှ လက်ချောင်းများအထိ မီးလောင်ထားသည့် ဒဏ်ရာ၊ ရင်ခေါင်းမှ ဝမ်းဗိုက်အထိ မီးလောင်ထား၍ အရေခွံများလန်နေသည့် ဒဏ်ရာ၊ ကျောပြင်တွင် မီးလောင်ထားသည့် ဒဏ်ရာတို့ဖြင့် လည်ေးကာင်း၊ ကိုဇော်မျိုး အသက် (၂၆)၊ (အဘ) ဦးမြင့်ကြည့်မှာ ဝဲယာဒူးဆစ်အောက်မှ ခြေချောင်းများထိ မီးလောင်ထား၍ အရေကြည်ဖုများ ထနေသည့် ဒဏ်ရာ၊ ညာဘက်တံခေါက်ကွေးမှ ခြေချောင်းများအထိ မီးလောင်ထားသည် ဒဏ်ရာ၊ ကျောကုန်တွင် မီးလောင်ဒဏ်ရာတို့ဖြင့် လည်းကောင်း၊ မစိမ်းဒါလီနိုင် အသက် (၂၈) နှစ်၊ (အဘ) ဦးလှစန်း ဝဲယာ ဒူးေါင်းအောက်မှ ခြေချောင်းများအထိ မီးလောင်ထား၍ အရေခွံများ လန်နေသည့်ဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ် မီးလောင်၍ အရေခွံများလန်နေသည့် ဒဏ်ရာ၊ ယာဘက်လက်မောင်၊ မီးလောင်သည့် ဒဏ်ရာများဖြင့် လည်းကောင်း၊ မမိုးမိုးအေး အသက် (၂၉) နှစ် (အဘ) ဦးရှမ်းမှာ ယာဘက် တံတောင်ဆစ်အောက် မီးလောင်ထား၍ အရေခွံလန်နေသည့် ဒဏ်ရာ၊ ဝဲဘက်ခြေသလုံး အောက်ပိုင်းမှ ခြေဖျားအထိ မီးလောင်၍ အရေခွံလန်နေသည့် ဒဏ်ရာမျက်နှာတွင် မီးဟပ်ထားသည့်ဒဏ်ရာ၊ ကျောကုန်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး သုံးပင်နှစ်ခန်း၊ ဆယ့်နှစ်ပေခန်းရှိ ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်မှာ မီးလောင် ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး (၃) သိန်းခန့်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar