လှည်းကူးတွင် ဖြစ်ပွားသည့်ကိစ္စ ဈေးပြိုင်ခေါ်ရင်းဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု မိခင်ဖြစ်သူက ဆို

ပို့စ်တင်ချိန် - 4/09/2014 10:04:00 AM


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မြို့မစည်ပင် ဈေးတွင် ဧပြီ ၄ ရက်နေ့က အမိုး အကာကူရှင်ချုပ်သည့်ဘေးချင်း ကပ်ဆိုင်ခန်း (၂) ခန်းအချင်းများ ခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့အချင်းဖြစ်ပွားမှု အပေါ်တစ်ဖက်ဆိုင်ခန်းမှ ကတ်ကြေးဖြင့် အထိုးခံခဲ့ရသူ မောင်သက်ပိုင်ဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်မာဝေ
ကဈေးပြိုင်ခေါ်ရင်း ပြဿနာဖြစ်ခဲ့ခြင်းမဟုတ်ဟုဆို သည်။

“သူတို့ကဖြစ်တဲ့နေမတိုင်ခင် ကတည်းက သက်ပိုင်ဦးကို ကြိမ်း ထားတာတွေရှိပါတယ်။ ဒီလိုကြိမ်း ထားတွေရှိတဲ့အတွက် သူတို့ရဲ့ မိဘတွေကိုလည်းသွားရောက်အသိ ပေးပြီးတားဖြစ်ဖို့အတွက်ပြောခဲ့ပါ တယ်။

ဒီအကြောင်းတွေကို ဈေး လူကြီးဦးကြာပေါ်ကိုလည်း
သွား ရောက်အသိပေးပြောတော့ ဈေး လူကြီးကစည်ပင်ကိုသွားရောက် အကြောင်းကြားလို့ပြောခဲ့တယ်။ စည်ပင်ကိုသွားရောက်အကြောင်း ကြားပြီးနောက်တစ်နေ့ကျတော့ ဒီလိုဖြစ်ခဲ့တာပါ”ဟု မိခင်ဖြစ်သူ ကပြောသည်။

မြို့မစည်ပင်ဈေး၌ဒေါ်ခင် မာဝေသည်ဆိုင်ခန်းဖွင့်လှစ်ခဲ့သည် မှာ (၁၀) နှစ်ခန့်ကြာပြီဖြစ်ကြောင်း သိရပြီး မိုရေကာဖျက်ဆိုင်မဖွင့် မီက၎င်းင်းဈေးထဲတွင် နာရီပြင်ဆိုင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ဒီမိုရေကာဖျင်းဆိုင် ဖွင့်ကတည်းက ကျွန်မတို့ကစီးပွား အပြိုင်သဘောမျိုးဖြစ်နေပေမဲ့ ကိုယ်မိတ်၊ သူမိတ်နဲ့ အရောင်း အ၀ယ်တွေလုပ်ခဲ့ကြပါတယ်။

ဒီလိုရောင်းနေရင်းနဲ့ ပြီးခဲ့တဲ့နှစ် တုန်းကစကားများခဲ့ကြလို့ ကျွန်မ တို့ရဲ့ဆိုင်ခန်းရောသူတို့ရဲ့ ဆိုင်ခန်း ပါ (၁၄) ရက်ပိတ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းဆိုင်ခန်းတွေပြန်ဖွင့်တဲ့ အချိန်မှာ ထပ်ပြီးတော့စကားများ ရန်ဖြစ်မှာစိုးလို့ကျွန်မတို့ဆိုင်ခန်း ကို တစ်ဖက်ပိတ်ကာရံထားခဲ့ပါ တယ်”ဟု ၎င်းကထပ်မံရှင်းလင်းပြော ဆိုသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် ဈေးအပြိုင်အဆိုင်ရောင်းဝယ်ခြင်း ကြောင့် ပဋိပက်္ခဖြစ်ပွားခဲ့ခြင်း မဟုတ်ဟု၎င်းင်းကရှင်းလင်းပြောဆို သည်။

“အဲဒီနေ့ကကျွန်မကမြို့ထဲက နေ့တာပေါ်လင်စတွေဝယ်လာတော့ ဈေးလာကြိုတဲ့ကလေးမိုးမင်းသိန်း ကို သူတို့ကစထိုးဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ ကျွန်မ သားကိုဖတ်ပြီးတော့ကာလိုက် တော့ ကျွန်မကိုပါဝိုင်းပြီးတော့ ရိုက်နှက်ခဲ့ကြတယ်။ ဘေးကလူ တွေအကူညီတောင်းတဲ့အချိန်မှာ သူတို့ထွက်ပြေးသွားခဲ့ပါတယ်”ဟု ၎င်းင်းကထပ်ဆင့်ရှင်းပြသည်။

ကတ်ကြေးဖြင့် အထိုးခံခဲ့ရ သူသက်ပိုင်ဦးသည်ယာမျက်လုံး အောက်မျက်ခမ်းတွင် ဒဏ်ရာရ ရှိခဲ့ပြီး ၎င်းဒဏ်ရာကို (၆) ချက်ချုပ် ခဲ့ရကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ အမှုမှန် ပေါ်ပေါက်ပြီး တရားခံအစစ်အမှန် ကိုပေါ်စေချင်ပါတယ်။ ကျွန်မတို့ အနေနဲ့ သူများကိုလည်းမထိခိုက် စေချင်သလို ကျွန်မတို့ကိုလည်း မထိခိုက်စေချင်ပါဘူး။

တရား ဥပဒေလမ်းကြောင်းအရအမှုမှန် ပေါ်ပေါက်ရင်ကျေနပ်ပါတယ်။ ဒီလိုပြောနေရတာကလည်းသူတို့ ကို ရှင်းပြဖို့အစီအစဉ်တွေအကုန် လုံးပျက်သွားခဲ့လို့ပါ။ ဒီလိုပျက်သွား တဲ့အတွက် အမှုမှန်ကိုအမြန်ဆုံး ဖော်ထုတ်ပေးဖို့ပြောရတာဖြစ် ပါတယ်။ မသက်ဆိုင်သူတွေမနစ် နာစေချင်သလို၊ သက်ဆိုင်တဲ့လူ တွေကိုလည်း ဥပဒေအရအပြစ် ပေးစေချင်ပါတယ်။

ကျွန်မအခုလို ပြောခဲ့တဲ့စကားတွေကို အားလုံး တာဝန်ယူပါတယ်။ ကျွန်မအနေ နဲ့ အခုကိ္စအပေါ်မှာ မိခင်တစ် ယောက်အနေနဲ့ဖြစ်စေချင်တဲ့ ဆန္ဒ ပြောခဲ့တာပါ”ဟု ၎င်းကထပ်မံပြော ဆိုသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် ကတ်ကြေးဖြင့်ထိုးခဲ့သူသည်ဦးလေး ဖြစ်သူဟူစင်အအေးနှင့်မုန့်စုံဆိုင် အတွင်းသို့ဝင်ရောက်ပုန်းခိုးနေ သည့်အတွက် မြို့ခံလူထုက၀ိုင်းဝန်း ပိတ်ဆို့၍ ၎င်းဆိုင်ကိုခဲဖြင့် ပစ်ပေါက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဖြစ်ပွားနေခြင်း ကို ထိန်းသိမ်းရန်အတွက် ည ၁၀ နာရီတွင်မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် အရေးပေါ်ဒေသန်္တရ အမိန့်အဖြစ်ညနေ (၆) နာရီမှ နံနက် (၆) နာရီထိ လူငါးဦးထက် စုဝေး၍ အပြင်မထွက်ရန် ပုဒ်မ (၁၈၈) ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

ထိုကဲ့သို့အဓိကဂုဏ်းဖြစ်ပွား ပြီးသည့်နောက်တွင်ပါဝင်ခဲ့သူများ ကို သက်ဆိုင်ရာတာဝန်ရှိသူများ ကထိန်းသိမ်းထားခဲ့ကြောင်း သိရ သည်။

အရေးယူထားမှုများနှင့် ပတ်သက်၍လှည်းကူးမြို့နယ်ရဲစခန်း မှတာဝန်ရှိသူတစ်ဦးက “ကျွန်တော် တို့ဆီကိုတိုင်ကြားချက်အရပါတဲ့ လူတွေကိုအရေယူဆောင်ရွက်ထား ပါတယ်။ ဒီလိုတိုင်ကြားချက်ထဲမှာ ပါတဲ့လူတွေကို စစ်ဆေးဖော်ထုတ် ချက်အရ (၆) ဦးကိုအရေးယူ ထားပါတယ်။ အခုအချိန်အထိ တော့ ထိန်းသိမ်းထားသူတွေကို စိစစ်တုန်းပဲရှိပါသေးတယ်”ဟုဆို သည်။

အဆိုပါနေ့တွင် အဓိကဂုဏ်း ဖြစ်ပွားပြီးသည့်နောက်တာဝန်ရှိ သူများမှအခြေအနေကို ထိန်းသိမ်း ခဲ့သောကြောင့် ပုံမှန်ရောင်းဝယ် ဖောက်ကားမှုများရှိနေပြီးဒေသ တည်ငြိမ်းအေးချမ်းလျက်ရှိကြောင်း သိရသည်။

ကတ်ကြေးဖြင့် ထိုးခဲ့သူများ ကိုဆက်သွယ်ရန် ကြိုးစားခဲ့သော် လည်း အခြေအနေအရပ်ရပ်ကြောင့် ဆက်သွယ်မရခဲ့ပေ။

မျိုးကျော်
Hot News Journal