သင်္ကြန်တွင်း အနုပညာရှင်များ ၀တ်စားဆင်ယင်မှု ထုတ်ပြန်

ပို့စ်တင်ချိန် - 4/09/2014 10:32:00 PM




ကြည်စုသာ

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသော လွန်ကဲသည့်ဝတ် စားဆင်ယင်မှုကို ရှောင်ကြဉ်ရန် ဧပြီ ၈ရက်က ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါထုတ်ပြန်ချက်သည် (၁)ရန်ကုန် တိုင်းဒေသကြီး၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့်လည်း ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး စည်း မျဉ်းစည်းကမ်းများ ထုတ်ပြန်ထားခြင်းဖြစ် သည်။ (၂)ကမ္ဘာတစ်ဝန်းလုံးတွင် ရုပ်ရှင် သရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုသည် ယနေ့ခေတ် လူငယ်လူရွယ်များကို ရှေ့ ဆောင်လမ်းပြသဖွယ်ဖြစ်နေသည်။ မြန်မာ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များ သည်လည်း ထို့အတူဖြစ်သည်။ (၃) မြန်မာ လူမျိုးများအနေဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန် တာဝန်ရှိသည့်အားလျော်စွာ မြန်မာရုပ်ရှင်လောကသားများအနေဖြင့် လည်း ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရန်ဖြစ်စေ၊ ရေကစားမဏ္ဍပ်တွင် ရေကစားရန်ဖြစ်စေ၊ ရေပက်ခံထွက်သည့် အခါဖြစ်စေ၊ ရုပ်ရှင်အနုပညာရှင်များအနေဖြင့် ခေတ်နှင့်အညီ ၀တ်စားဆင်ယင်ရ မည်ဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် လွန်ကဲသောဝတ်စားဆင် ယင်မှုများကို မပြုလုပ်ကြရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်ဆိုသည့် ထုတ်ပြန် ချက်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ထုတ်ပြန်ခဲ့သည်။

အနုပညာရှင်များသည် နိုင်ငံတစ်ခု၏ ရှေ့ဆောင်သူများထဲတွင် ပါဝင်ကြသူများ ဖြစ်ခြင်းကြောင့် ၎င်းတို့၏ ၀တ်စားဆင် ယင်မှုကို ခေတ်လူငယ်များနှင့် ပြည်သူများက အတုယူကြသည်က များပြားကြသည်။ ၎င်းအနုပညာရှင်များ ၀တ်စားဆင်ယင်မှုကို အတုယူကြခြင်းများသည် ယနေ့အချိန်ထိ ရှိနေဆဲပင်ဖြစ်သည်။

''ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်နိုင်ဖို့ ပါပဲ။ အဓမ္မသဘောအနေနဲ့ မဟုတ်ပါဘူး။ မေတ္တာရပ်ခံတဲ့သဘောပါ။ အခုဆိုရင် မြန်မာအ၀တ်အစားတွေ ၀တ်ရတာ ပိုပြီး ကျက်သရေရှိလာတယ်ဆိုပြီး သူတို့ကိုယ် တိုင် ပြောလာကြတယ်။ ခေတ်မီတာက တော့ တစ်ပိုင်းပေါ့။ အခုလို ထုတ်ပြန်လိုက် တော့ သူတို့မေ့နေတာတွေကို ပြန်ပြီးသတိ ပေးတဲ့သဘောပါပဲ''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နာယကတစ်ဦးဖြစ်သည့် ပန်းချီစိုးမိုးက ပြောသည်။

၂၀၁၂ ခုနှစ် အတာသင်္ကြန်တွင် မြန်မာ အနုပညာရှင်တစ်ဦးဖြစ်သည့် သင်ဇာဝင့် ကျော်၏ ၀တ်စားဆင်ယင်မှုသည် ပြည်သူ များနှင့် အနုပညာရှင်များကြားတွင် ခေတ် စားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ခေါ်ယူသတိပေးခဲ့ရသည်အထိဖြစ် ခဲ့သည်။

အနုပညာရှင်မဟုတ်သည့် မိန်းမပျို များ၏ ၀တ်စားဆင်ယင်မှုသည် လူမှုကွန် ရက်စာမျက်နှာနှင့် လူတိုင်းပါးစပ်ဖျားတွင် ပြောကြသည့်အခြေအနေထိ ရောက်ခဲ့ကြ သည်။ ၂၀၁၄ ခုနှစ် အတာသင်္ကြန်တွင် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။

Mizzima - News in Burmese