Pepper-spray ငရုတ်သီးသေနတ်

ပို့စ်တင်ချိန် - 4/09/2014 09:12:00 PM



Wednesday, April 9, 2014

သင်္ကြန်တွင်းမှာ ‘ရေသေနတ်’ နဲ့အတူ ‘ပစ်ပါသေနတ်’ ပါကို ဆောင်ထားသင့်ကြတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရေးသုံး Pepper-spray ငရုတ်သီးသေနတ်မှာ Capsicum (ကက်ပစီယန်) ပါတယ်။ ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။

• Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။

• Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင်နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။

• Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။

ငရုတ်သီးသေနတ်နဲ့အပစ်ခံရရင်

• မျက်စိကို ရောင်ရမ်းဖြစ်စဉ် ချက်ချင်းဖြစ်လာစေမယ်။ မျက်စိကိုပိတ်လိုက်ရမယ်။

• အသက်ရှူရလဲ ခက်စေမယ်။ နှာရည်ယိုမယ်။ ချောင်းဆိုးမယ်။

• ဘယ်လောက်ခံသလဲဆို ဘယ်လောက် ပြင်းတာ သုံးသလဲအပေါ်မှာ မူတည်တယ်။

• ပျမ်းမျှ မိနစ် ၃ဝ ကနေ ၄၅ မိနစ်ကြာတယ်။

• တကြိမ်ထဲထိရင် မျက်စိကို နာတာရှည် ဆိုးကျိုးတွေ မရစေပါ။
• ၁၅-၃ဝ မိနစ်တော့ မျက်စိကြည့်မရဖြစ်လိမ့်မယ်။ အရေပြား ပူလောင်နေတာကတော့ ၄၅-၆ဝ မိနစ်ကြာမယ်။

• ၃-၁၅ မိနစ် စကားမပြောနိုင်ဖြစ်မယ်။

ဖြစ်ခံရတာကို ဘယ်လိုကုမလဲ

• (ကက်ပစီကန်) ဟာ ရေထဲမပျော်ဝင်ဘူး။ ရေးဆေးလို့ မထူးလှဘူး။ မျက်တောင်ကို ခပ်ကြမ်းကြမ်း ခဏခဏ မှိတ်-ဖွင့်လုပ်ပါ။ မျက်ရည်များများထွက်လာမှ သက်သာမယ်။

• Contact lens solution မျက်ကပ်မှန်ဆေးရည်ကလဲ သက်သာစေတယ်။

• အရေပြား ပူလောင်နေတာအတွက် ထုံဆေး 2% lidocaine gel သုံးနိုင်တယ်။ ကလေးခေါင်းလျှော်ရည်၊ နွားနို့နဲ့ ရေသုံးပြီး ဆေးကြောပါ။
• အရေပြား လောင်တဲ့နေရာကို မထိမကိုင်ပါနဲ့။

• Triple-action pepper sprays အမျိုးအားထဲမှာ Tear gas (CS gas) မျက်ရည်ယိုဓါတ်ပါတယ်။ Sodium metabisulfite (Campden tablets) နဲ့ ဓါတ်ပျယ်စေနိုင်တယ်။

Riot control လူစုလူဝေးနှိမ်နင်းရေးမှာလဲ သုံးတယ်။ ၁၃-၂-၂ဝ၁၄ နေ့က အိန္ဒိယ ပါလီမန်မှာ အမတ်တွေက ပြည်နယ်သစ်အရေးမှာ အချင်းချင်း အခြေတင်ဖြစ်ရာကနေ သုံးခဲ့ကြလို့ ‘လွှတ်တော်သုံးလက်နက်’ လို့ခေါ်နိုင်လာပါပြီ။

ဒေါက်တာတင့်ဆွေ