ရန်ကုန်သင်္ကြန် လုံခြုံရေးအင်အား ၅၀၀၀ ကျော် အသုံးပြုမည်

ပို့စ်တင်ချိန် - 4/09/2014 06:06:00 PM


ရန်ကုန်သင်္ကြန်တွင် လုံခြုံရေးဆောင်ရွက်ရန် ရဲနှင့်လုံခြုံ ရေးဝန်ထမ်းတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်များရှိသည့် ကန်တော်ကြီးပတ်လမ်းတစ်ခုလုံး တွင် ရဲတပ်ဖွဲ့ဝင် ၃၂၈ ဦးဖြင့် အ များဆုံး လုံခြုံရေးဆောင်ရွက်မည် ဖြစ်ပြီး တိုင်းဒေသကြီးအနှံ့တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့အောက် ရှိ ရဲတပ်ဖွဲ့၊ ထွေအုပ်၊ မီးသတ်၊ ယာဉ်ထိန်း၊ အရန်တပ်ရင်း စသည့် တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော်ဖြင့် လုံခြုံရေးပေး မည်ဖြစ်ကြောင်း ရဲမှူးကြီးမြင့် အေးက ပြောသည်။

‘‘သင်္ကြန်တွင်းမှာ တုတ်၊ ဓား၊ လက်နက်ဆောင်လာရင် လက် နက်ကိုင်ဆောင်မှုနဲ့ အရေးယူ မယ်။

ဒါပေမဲ့ တုတ်လောက်မိရင်တော့ တရားစွဲမနေတော့ဘူး။  တုတ် ကိုသိမ်းပြီး သတိပေးလိုက်မယ်။ ဓားကို အန္တရာယ်ရှိ လူသေစေ တဲ့ လက်နက်ပါရင် လက်နက်မှုနဲ့ တရားစွဲမယ်’’ ဟု ၎င်းက ပြော သည်။

မကြာမီက ပဋိပက္ခများ ဖြစ် ပွားခဲ့ခြင်းကြောင့် ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် သံတွဲ ကို သင်္ကြန်ကာလဖြစ်သော် လည်း အမိန့်အတိုင်းလိုက်နာရန် နှင့် တုတ်၊ ဓား လက်နက်ကိုင် ဆောင်ခြင်း တွေ့ရှိပါက ဥပဒေ အတိုင်းအရေးယူမည် ဖြစ် ကြောင်း သတင်းရရှိသည်။

ထို့ပြင် မဏ္ဍပ်တိုင်းတွင် လုံ ခြုံရေးအရ စီစီတီဗီ ကင်မရာ များတပ်ဆင်စေပြီး ကိုယ်ပိုင် မဏ္ဍပ်လုံခြုံရေးဝန်ထမ်း ငါးဦး ခန့်ထားရှိရန် စည်းကမ်းချက် ထုတ်ထားသည်။

ယမန်နှစ်က ရန်ကုန်သင်္ကြန် လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်အင်အား ၃၅၀၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။ ယခုနှစ်သင်္ကြန်လုံခြုံရေး ကို အထူးလုံခြုံရေးအဆင့်သို့ မြှင့် ထားပြီး သင်္ကြန်ပွဲတော်ကို အေးချမ်းစွာပြီးဆုံးသွားစေရေး ပြည်သူများပါဝင်ပူးပေါင်းကြရန် နှိုးဆော်ထားသည်။

Author: အေးသူစံ
7Day Daily