ဘုန်းကြီးကျောင်းရှိ ငွေများခိုးယူခံရသဖြင့် အရေးယူပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 4/09/2014 05:48:00 PM



ရန်ကုန်၊ ဧပြီ ၉

၈.၄.၂၀၁၄ရက်နေ့ ၀၈၃၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်းနှင့် စံပယ်လမ်းထောင့်ရှိ ဇေယျာသီရိဘုန်းကြီးကျောင်းတွင်
ဝေယျာဝစ္စပြုလုပ်သူ ဦးအောင်စိုးမှ ၎င်းသည်ဘုန်းကြီး ကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ရန်သွားရောက်ခဲ့ကြောင်း၊ ထိုသို့သွားရောက်စဉ် ၆.၄.၂၀၁၄ ရက်နေ့နံနက်ပိုင်းကစ၍ ခရီးထွက်ခွာသွားသော ကျောင်းထိုင်
ဆရာတော်၏ သီတင်းသုံးရာ စံကျောင်းတော်အ၀င်ဝ သံပန်းတံခါးမှာ
သော့ပွင့်နေကာပျက်ဆီးနေသည်ကိုတွေ့ရှိရသဖြင့်ကြည့်ရှုရာ ၎င်းကျောင်း
ဆောင်အတွင်းအခန်း၏ယာဘက်ထောင့်ရှိ နှစ်ထပ်သံစင်အပေါ်တွင်
သော့မခတ်ဘဲ တင်ထားသော သံသေတ္တာအတွင်း ဆရာတော်ထားရှိခဲ့
သည့် ငွေကျပ်(၇၈)သိန်းမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့်
ငွေများခိုးယူသွားသူကို စုံစမ်းအရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၁၀၂/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ကာ ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police