အသုံးပြုသည့် ထုတ်ကုန်ကို သိရှိနိုင်မည့် Internet Explorer 11 update ကို Microsoft ဖြန့်ချိ

ပို့စ်တင်ချိန် - 4/09/2014 10:35:00 AM


ပြီးခဲ့သည့်ရက်အနည်းငယ်က ကျင်းပပြုလုပ်ခဲ့သော Build 2014 conference တွင် Microsoft က desktop နှင့် mobile အတွက် အသစ်မွမ်းမံထားသည့် Internet Exprorer 11 Web browser ကိုမိတ်ဆက်ပေးခဲ့သည်။

အဆိုပါ Internet Explorer 11 update သည်သုံးစွဲသူ၏ စမတ်ဖုန်းများ၊ tablet များနှင့် laptop များကိုခွဲခြား သိရှိနိုင်သောကြောင့် အသုံးပြုသည့် ထုတ်ကုန်အပေါ်မူတည်၍ browser ကိုချိန်ညှိပေး မည်ဖြစ်သည်။ ၎င်းကို Windows 8.1 နှင့်  Windows 7 ပေါ်တွင်အသုံးပြုနိုင်ပြီး Windows Phone 8.1 တွင်လည်း update နှင့်အတူ mobile OS တစ်ပါတည်း ပါဝင်လာမည်ဖြစ်သည်။

Microsoft မှ Internet Explorer တွဲဖက်အဖွဲ့မှ ပရိုဂရမ်မန်နေဂျာ Sam George ကလူအများအနေဖြင့် ထုတ်ကုန်အများအပြားပေါ်တွင် အင်တာနက်ကို အသုံးပြုကြကြောင်း၊ ၎င်းတို့သည် အင်တာနက်အသုံးပြုရာတွင် laptop, tablet နှင့်စမတ်ဖုန်းများအကြား ပြောင်းလဲအသုံးပြုကြကြောင်း၊ ထို့အတွက် ယနေ့ဖြန့်ချိလိုက်သည့် IE11 update ကနှစ်သက်ရာထုတ်ကုန်ကို ကိုင်လိုက်သည်နှင့် tab များနှင့် favorite များကအသင့်ရှိနေမည် ဖြစ်ကြောင်း blog post တွင်ရေးသားဖော်ပြခဲ့သည်။

အဆိုပါ browser update တွင် hardware ကိုအဆင့်မြှင့်တင်ပေးမည့် WebGL နှင့် အဆင့်မြင့် HTML5 ဗီဒီယိုကဲ့သို့သော အရည်အသွေးမီဒီယာတို့ ပါဝင်သည်။ ထို့အပြင်သုံးစွဲသူများ၏ Windows ထုတ်ကုန်များကို သိရှိနိုင်ပြီး သင့်တော်မည့် screen နှင့် mobile အတွက် reading နှင့် data-saving mode များလည်း IE11 သစ်တွင် ပါဝင်လာမည်ဟုသိရသည်။

IE11 update ကိုဧပြီလ ၈ ရက်တွင် Windows 7 နှင့် Windows 8.1 သုံးစွဲသူအားလုံးထံ ဖြန့်ချိပေးမည်ဖြစ်သည်။

-နောင်နောင်
Ref: CNET
Internet Journal