ကယ်လီဖိုးနီးယားကမ်းခြေမှာ ဆေးခြောက် ယူရိုငွေတစ်သန်းဖိုး တင်လာတဲ့ ငါးဖမ်းလှေသောင်တင်

ပို့စ်တင်ချိန် - 4/09/2014 02:33:00 PM




Angel on 2014-04-09 11:30    
ပေ ၄၀ အရှည်ရှိတဲ့ ငါးဖမ်းလှေတစ်စီးဟာ ကယ်လီးဖိုးနီးယားပြည်နယ်၊ မာလီဘူးကမ်းခြေမှာ ဆေးခြောက်ထုပ်တွေနဲ့ သောင်တင်နေတာကို မနေ့ ကတွေ့ ရှိခဲ့ရပါတယ်။

ဒီငါးဖမ်းလှေဟာ ယူရိုငွေတစ်သန်းဖိုးရှိတဲ့ ဆေးခြောက်ထုပ်တွေကို အပြည့်တင်ဆောင်လာတာပါ။ မက္ကဆီကန် လှေလို့ ယူဆရပြီး ဆေးခြောက်ထုပ်တွေဟာ အလေးချိန် တစ်တန်နီးပါးရှိတယ်လို့ ဆိုပါတယ်။

ကမ်းခြေအနီးနားက ခြုံပုတ်တွေထဲမှာ ပုန်းအောင်းနေတဲ့ လှေနဲ့ အတူပါလာတယ်လို့ ယူဆရတဲ့ လူသုံးယောက်ကို မကြာမီ အာဏာပိုင်တွေက ဖမ်းဆီးတွေ့ ရှိခဲ့ပါတယ်။ သူတို့ ထဲက တစ်ယောက်ဟာ မာလီဘူးကမ်းခြေကို ပုံမှန်လာရောက်တတ်တဲ့အပန်းဖြေသူ ပုံစံဖမ်းနေခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

သယ်ဆောင်လာတဲ့ ဆေးခြောက်ထုပ်တွေရဲ့ တန်ကြေးဟာ မှောင်ခိုဈေး ယူရိုငါးသိန်းကနေ တစ်သန်းအတွင်း ရှိတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

လှေဟာ ဆီယိုမှုဖြစ်ခဲ့ပြီးနောက် ကမ်းခြေကို သောင်တင်ရောက်ရှိလာတယ်လို့ ယူဆရပါတယ်။

Ref: mirror.co.uk
Trend Myanmar