အစွန်းအထင်း တွေကို အလိုအလျောက် ဖယ်ရှားပေးမယ့် ဂျင်းဘောင်းဘီလာပြီ

ပို့စ်တင်ချိန် - 4/09/2014 09:13:00 PM



အဖြူရောင် ဂျင်းဘောင်းဘီ ကို နှစ်သက် သူတွေဟာ ညစ်ပေ သွားမှာ ဆိုတဲ့ စိုးရိမ်ကြောင့် ကြမှု ရှိနေ စမြဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေ လည် စေဖို့ အစွန်းအထင်း တွေ ဖယ်ရှား ပေမယ့် ဂျင်းဘောင်းဘီ ကို တီ ထွင် လိုက်ပြီဖြစ် ပါတယ်။ ဒီဂျင်း ဘောင်းဘီ ကို Play Dirty လို့ အမည် ပေးထားပြီး အညစ် အကြေး များကို အလို အလျောက် ဖယ်ရှားနိုင်ဖို့ အထူးနည်းပညာကို အသုံးပြု ထားပါတယ်။ ကော်ဖီ တစ်ခွက် ဂျင်း ဘောင်းဘီ အပေါ် ဖိတ်ကျခဲ့ရင် ဘာမှစိုးရိမ်နေ စရာမလိုပါဘူး။ ဖိတ်ကျသွားတဲ့ အရည်တွေ ခြောက်သွားလို့ရှိရင် အစွန်း အ ထင်း တွေလည်း လုံးဝရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

၁၆ အောင်စရှိတဲ့ ဘလက်ကော်ဖီကို ဂျင်းဘောင်းဘီ အပေါ် လောင်းချပြီး ခြောက် သွေ့သွားတဲ့အခါ မည်သည့်အစွန်းအထင်းမှ ကျန်ရှိခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကောဖီအပြင် ဆိုဒါ၊ ဆီနဲ့ အနီရောင်ဝိုင် စတာတွေကိုလည်း ဖယ်ရှားနိုင်စွမ်းရှိတယ်လို့ သိရပါ တယ်။ ဒီဂျင်းဘောင်းဘီကို Promodal ကုမ္ပဏီက ထုတ် လုပ် ခြင်းဖြစ်ပြီး မကြာမီ ဈေးကွက်ကို ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဒါ ပေမဲ့ ဂျင်းဘောင်းဘီ ရဲ့ တန်ဖိုးက အနည်း ငယ် ကြီးမြင့်နေပြီး အတို ကို ဒေါ်လာ (၁၄၅)၊ အ ရှည်ကို ဒေါ်လာ (၁၈၉)နဲ့ ရောင်းချ သွားမှာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို ချုပ်လုပ်ရာ မှာလည်း သက်သောင့်သက်သာဖြစ်စေဖို့ ဆောင်ရွက်ပေးထားတယ်လို့ သိရပါ တယ်။
The Messenger