သမီးကလေးကျေးရွာသားများကို စောင့်ရှောက်မှု ပေးခဲ့သည့် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းအား ရွှေ့ပြောင်းခိုင်းပြီ

ပို့စ်တင်ချိန် - 4/09/2014 05:39:00 PM


သမီးကလေး ကျေးရွာ သား များအား စောင့်ရှောက် ပေးခဲ့သည့် အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်းအား အ လိုင်နီ တမံ၏ အူကြောင်း ပေတစ်ထောင် အတွင်း မလွတ်ကင်း၍ ရွှေ့ပြောင်းပေးရန် ပဲခူးတိုင်း ဆည်မြောင် ဦးစီးမှ စာပေးပို့ခဲ့ကြောင်း ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ရွှေ့ပြောင်း ပေးရန်အတွက် စာကို မူ သမီးကလေး ကျေးရွာသားများ DKBA ခေါ်ဆောင်ရာသို့ မလိုက်မီ ဧပြီ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ဘုန်းကြီးကျောင်းသို့ လာရောက်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါညက ကျောင်းတွင်ရှိခဲ့သူ DKBA ၏ မန္တလေးစီးပွားရေး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောဝင်းဇော်က ပြောသည်။

အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းနှင့် စေတီမှာ ၁၉၉၁ ခုနှစ်ကတည်းကပင် စတင်တည်ထောင်ခဲ့ပြီး ဆရာတော်ဦးအဂ္ဂဓမ္မမှာ ဒုတိယမြောက် ကျောင်း ထိုင်ဘုန်းကြီးလည်း ဖြစ်သည်။ အလိုင်နီတာတမံကိုမူ ၂ဝဝဝ ပြည့်နှစ် တွင်ဆည်မြောင်းဦးစီးဌာနကတည်ခဲ့ပြီး အဆိုပါဆည်ကိုတည်ခဲ့သည့် ဌာနဆိုင်ရာလူကြီးများ ကိုယ်တိုင် စီမံ ကိန်းနေရာအ တွင်း ကျောင်းနှ င့် စေတီကို ဆက်လက်ရှိနေခွင့်ပြုခဲ့ခြင်း ဖြစ် သည်ဟု ဆရာတော်ဦးအဂ္ဂက မိန့် သည်။

''ဆည်ဆောက်ရင် ဘုရားတစ်ဆူ တည်ရတယ်လေ။ ဒီမှာက စေတီက တည်ပြီးသား။ ရှေးဟောင်းစေတီလည်း ဖြစ်တယ်ဆိုပြီး သူတို့ပဲ ဆက်သီတင်းသုံး ဖို့ ပေးခဲ့တာပါပဲ''ဟု ဆရာတော်က ဆက်မိန့်သည်။ အဆိုပါ ကျောင်းရွှေ့ပြောင်းရေး နှင့်ပတ်သက်၍ ဆရာတော်အနေနှင့် ဧပြီလ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနနှင့် သွားရောက် တွေ့ဆုံခဲ့သော်လည်း ဦးစီးဌာနအနေဖြင့် သင်္ကြန်ပြီးမှသာ လက်ခံတွေ့ဆုံနိုင်မည်ဟု ပြောကြားကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားသည်။

သမီးကလေးကျေးရွာသားများ ရွှေ့ပြောင်းရာတွင် လိုက်ပါကူညီပေးခဲ့ သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်မှ ဒေါ်သန္တာကမူ အလိုင်နီဆည်နှင့် မလွတ်ကင်း၍ ရွှေ့ ပြောင်းပေးစေလိုပါက ယခင်နှစ်များက ပင် ရွှေ့ပြောင်းစာပေးပို့သင့်ပြီး ဦးဇင်း အနေနှင့် ရွာသားများအား ကူညီ ထောက်ပံ့မှု ပြုပေးပြီးချိန်မှသာ ယခုကဲ့ သို့ ပြောဆိုလာခြင်းမှာ မရိုးသားဟု သုံး သပ်ပြောကြားသည်။ ဆရာတော် ဦးအဂ္ဂဓမ္မကမူ ''မ လွတ်ဘူး ဖျက်မယ်ဆိုလည်း ဖျက်ပေါ့။ ဦးဇင်းကတော့ စောဒက တက်မှာ
မဟုတ်ဘူး။ ပြောလည်းပဲ သူတို့ လုပ် ချင်ရင် လုပ်ကြတာပဲ မဟုတ်လား''ဟု မိန့်ကြားသည်။

အောင်သိဒ္ဓိကျောင်းမှာ မူလတန်း မှ အလယ်တန်းအထိ ပညာသင်ကြား ပေး လျက်ရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အိမ်ခြေများဖျက် ဆီးဖယ်ရှားခံခဲ့ရသည့် သမီးက လေးကျေးရွာမှ အိမ်ထောင်စု ၁၅၇ စု ကို ကျောင်းအတွင်း လက်ခံစောင့် ရှောက်ပေးထားခဲ့သည်။

သုတလင်း
Popular Myanmar News Journal