ထမင်းတစ်နပ်လျှော့စားရတာမဟုတ်ဘူး ထမင်းငတ်နေကြတာပါ

ပို့စ်တင်ချိန် - 4/09/2014 01:20:00 PM


အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ တောင်သူ လယ်သမားရေးရာ ကော်မတီ(ဗဟို)နှင့် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များမှ မြောက် ဥက်္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ သစ်ရှိ မြေသိမ်းခံ လယ်သမားများ နှင့် တွေ့ဆုံပွဲကို ဧပြီ(၈)ရက်နေ့ က ကျင်းပခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ မြောက် ဥက်္ကလာပမြို့နယ်၊ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း၊ မြန်အောင်မြို့နယ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ကျော်မြင့်နှင့် ဗဟိုတောင်သူလယ် သမားရေးရာ ကော်မတီအဖွဲ့ဝင် ဦးလှမြင့်သန်းတို့ တက်ရောက်ခဲ့ပြီး ဒေသခံ တောင်သူလယ်သမား (၁၀၀)ကျော် တက်ရောက်ခဲ့ကြ သည်။

၎င်းအခမ်းအနားတွင်မြောက် ဥက်္ကလာပမြို့နယ်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင် ဇော်ဝင်းက ““ယနေ့လယ်သမား တွေရင်ဆိုင်ကြုံတွေ့နေရတာ လယ်တွေကိုမတရားအသိမ်းခံရတဲ့ ကိစ္စရပ်တွေ၊ လယ်ယာထွက်ကုန် တွေကို ဈေးနှိမ်တဲ့ကိစ်္စရပ်တွေဖြစ် တယ်။ အခုဖြစ်နေတာက လယ် သမားတွေက ထမင်းတစ်နပ် လျှော့စားရတာမဟုတ်ဘူး။ ထမင်း ငတ်နေကြတာပါ။ အစိုးရ ကောင်းဖြစ်ဖို့ဆိုရင် ဒီလိုဖြစ်နေ တဲ့ ကိစ္စရပ်တွေကိုဖြေရှင်းသင့်ပါ တယ်။ လယ်သမားအခွင့်အရေး တွေအတွက် အာမခံချက်မရှိတဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ နည်းမျိုးစုံနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်””ဟု ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လယ်သမားရေးရာကော် မတီအဖွဲ့ဝင်နှင့် နိုင်ငံတော်အစိုးရ မှ ဖွဲ့ပေးထားသည့် လယ်ယာမြေ နှင့် အခြားမြေများစုံစမ်းစစ်ဆေး ရေးကော်မတီအဖွဲ့ဝင် မြန်အောင် မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်က ““ကျွန်တော်တို့ပါတီအနေနဲ့ လယ် ယာမြေကိစ်္စတွေကို အခုမှဖြေရှင်း ပေးနေတာမဟုတ်ပါဘူး။ အရင် ကတည်းကိုက ဖြေရှင်းပေးနေပါ တယ်။ အခုလယ်ယာမြေကိစ်္စတွေ ကို ဖြေရှင်းတဲ့ကိစ်္စတွေကို ပေါ်ပင် နိုင်ငံရေးလို့စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီလိုစွပ်စွဲပြောဆို တဲ့ အထဲမှာ နိုင်ငံတော်သမ်္မတ ကြီးလည်းပါနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၆)ရက်နေ့တုန်းက အစိုးရသက်တမ်းသုံးနှစ်ပြည့်မိန့်ခွန်း ကို ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့တုန်းကထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြောခဲ့တာကို ကျွန်တော်တို့ကော်မတီကလည်း ရှုတ်ချသလို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်းကန့်ကွက် ပါတယ်။ ဘာကြောင့်ကန့်ကွက် ရတာလည်းဆိုရင် သမ္မတကြီးက ခေတ်ပြောင်းစနစ်ပြောင်းအခြေ အနေတွေ၊ ပြောင်းလဲမှုတွေဖြစ်တဲ့ အတွက် ကျွန်တော်တို့တစ်သက်မှာ တရားမျှတမှုအတွက်အသင့်လျော် ဆုံးဖြစ်အောင် ဦးစားပေးဖြေရှင်း ပေးနေတယ်။ ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာနိုင်ငံရေးအမြတ် ထုတ်မှုတွေ၊ ကိုယ်ကျိုးစီးပွားလို ချင်မှုတွေနဲ့ မြေသိမ်းခံရတဲ့လူတွေ ရဲ့ နောက်ကွယ်မှာလှုံ့ဆော်နေတာ ကိုတွေ့နေရပါတယ်။ ကျွန်တော် တို့ ဖြေရှင်းပေးဖို့ဆိုတာကိုလက်ခံ ပါတယ်။ သိမ်းဆည်းခံမြေတွေကို နဂိုမူလပိုင်ရှင်တွေထံပြန်လည် လွှဲပြောင်းပေးရေးမှာမှန်ကန်မှုရှိဖို့ အတွက် စီစဉ်ဆောင်ရွက်ပေးနေ ပါတယ်လို့ထည့်သွင်းပြောသွားတာ ရှိပါတယ်””ဟု ထည့်သွင်းပြော ကြားခဲ့သည်။

ယနေ့အချိန်တွင်ဖြစ်ပေါ် နေသော လယ်ယာမြေပြဿနာ များသည် သိမ်းဆည်းစဉ်ကာလက ခေတ်ကာလနှင့်လျော်ညီအောင် မသိမ်းခဲ့သောကြောင့်ဖြစ်ပေါ်နေ ခြင်းဖြစ်ပြီး လယ်ယာမြေကိစ္စများ နှင့် ပတ်သက်၍တိုင်ကြားစာ (၁၀၀၀)ကျော် တိုင်ကြားထား ကြောင်းလည်း အဆိုပါတွေ့ဆုံပွဲမှ သိရသည်။      

မျိုးကျော်
Hot News Journal