ကျည်ဆန်ရထားထက် ပိုမြန်တဲ့ ကမ္ဘာ့အမြန်ဆုံး ကုန်တင်ကား

ပို့စ်တင်ချိန် - 4/09/2014 09:13:00 PM



ဂျက်အင်ဂျင် သုံးလုံး တပ်ဆင်ထား ပြီး တစ်နာရီလျှင် မိုင် ၄ဝဝ အထိ မောင်းနှင်နိုင်သော ကမ္ဘာ့ အမြန်ဆုံး ထရပ်ကားကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်ခဲ့ပြီး ယင်း သည် ကမ္ဘာ့ စံချိန် တစ်ခုပင်ဖြစ်သည်။

မြင်းကောင်ရေ ၃၆ဝဝဝ ရှိသော အင်ဂျင်တပ် အလေးချိန် လေးတန်လေး သော ကုန်တင်ထရပ်ကား Peterbilt Semi သည်ခြောက်စက္ကန့်ခွဲ အတွင်း မိုင် ဝက် အထိရောက် ရှိနိုင်ပြီး ဂျပန်ကျည် ဆန်ရထား များထက် မြန်နှုန်း ပိုမြင့် သောထရပ်ကားအဖြစ်စံချိန်ဝင်ခဲ့သည်။

အမေရိကန်နိုင်ငံသား နီးလ်ဒါးနဲလ် နှင့်သားဖြစ်သူ ခရစ္စတို့က ကမ္ဘာ့ အမြန် ဆုံး ထရပ်ကားကို တပ်ဆင်ခဲ့ပြီး အောင် မြင်စွာ စမ်းသပ်မောင်းနှင်ပြခဲ့သည်။

”ဒါဟာ တကယ့်ကို အံ့သြစရာပါ ပဲ၊ ဒါကို မမြင်ရရင် ယုံကြမှာ မဟုတ်ဘူး” ဟု ဒရိုင်ဘာနှင့် ပိုင်ရှင်ဖြစ်သူ နီးလ်ဒါး နဲလ်က ပြောသည်။

နီးလ်၏ ထရပ်ကားသည် ကမ္ဘာ့ အမြန်ဆုံး ဂျပန်ကျည်ဆန် ရထား၏ မြန်နှုန်းထက် ပိုများပြီး စံချိန် တစ်နာရီ ၃၇၆ မိုင်ဖြင့် ကမ္ဘာ့ အမြန်ဆုံး ထရပ် ကားဟူသော စံချိန်ကို ရယူခဲ့သည်။

ထရပ်ကားအတွက် အသုံးပြုထား သော ဂျက်အင်ဂျင် ၃ လုံးမှာ Pratt & Whitney J 34-48 အမျိုးအစားဖြစ်ပြီး အမေရိကန် လေတပ်လေ့ကျင့်ရေး လေ ယာဉ် T-2 Buckeye မှ ရယူထား ခြင်း ဖြစ်ပြီး ဂျက်အင်ဂျင် တစ်လုံးလျှင် မြင်း ကောင်ရေအား ၁၂ဝဝဝ ရှိသည်။ ထရပ် ကား အင်ဂျင်များတွင် လောင်စာ ဂါလန် ၁၉ဝ အထိ သိုလှောင် ထားနိုင်ပြီး စမ်းသပ် မောင်းနှင်မှုတွင် ဂါလန် ၁၈ဝ အထိ အသုံးပြုခဲ့သည်။

KYL

Popular Myanmar News