ဆိုင်ကယ်အိတ်ဇောအတွင်း သိုဝှက်သယ်ဆောင် လာသည့်ဘိန်းစိမ်းများ ဖမ်းမိ

ပို့စ်တင်ချိန် - 4/09/2014 09:32:00 AM


နေပြည်တော်၊ ဧပြီ ၈

၂၀၁၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၂) မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများနှင့်အတူ ကွတ်ခိုင်မြို့ အထွက်၊ ကောင်းခါးလမ်းခွဲထိပ်၊ လမ်းမပေါ်တွင် ကောင်းခါးမှကွတ်ခိုင်သို့ ကွတ်ခိုင်မြို့နယ်၊ နောင်ဟိတ် ကျေးရွာနေ တုံပေါက်တဲ့(၂၆)နှစ်မောင်းနှင် လာသည့်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ဆိုင်ကယ် အိတ်ဇောအတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း(၁.၅)ကီလို၊ တန်ဘိုးငွေ ကျပ်(၁၅) သိန်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် တုံပေါက် တဲ့အား ကွတ်ခိုင်မြို့မ ရဲစခန်း မယ(ပ)၄၀/၂၀၁၄၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar