မန္တလေးသို့ ခိုးဝင်လာသော ဘင်္ဂါလီ ၈ ဦးကို ဖမ်းမိ ရည်ရွယ်ချက်သိရန် လူခွဲစစ်ဆေးနေ

ပို့စ်တင်ချိန် - 4/09/2014 11:57:00 AM


မန္တလေးမြို့သို့ တရားမဝင်ဝင်ရောက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦး လဝက ဥပဒေနှင့်အရေးယူထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ညွှန်ကြားချက်အရ ၎င်းတို့ ဝင်ရောက်လာသည့်လမ်းကြောင်းနှင့် ရည်ရွယ်ချက်ကိုသိရှိနိုင်ရန် တစ်ဦးချင်း လူခွဲပြီးစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၎င်း ဘင်္ဂါလီ ၈ ဦးကို ဧပြီလ ၅ ရက်နေ့က မန္တလေးမြို့ သီရိမန္တလာ ကားဝင်း တောင်ဘက်ရှိချင်းတောင်တန်းကားဂိတ်တွင် လက်မှတ်ဖြတ်နေ စဉ်ဖမ်းဆီးမိခြင်းဖြစ်ကြောင်းသိရသည်။ ''လက်ရှိကတော့ သူတို့ဝင်ထွက်တဲ့ လမ်းကြောင်းလေးတွေ မေးပြီးတော့ နောက်ဆုံးသူတို့က ဘာအထောက် အထားမှ မပါတဲ့အတွက် လဝက ဥပဒေနဲ့တော့ အရေးယူထားပါတယ်။ အမှုဖွင့် ထားပါတယ်။ ပြီးရင်တော့ တရားစွဲတင်ဖို့ ဆက်လုပ်သွားမှာပါ''ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော် မင်းဦးက ပြောသည်။

၎င်းဘင်္ဂါလီ ၈ ဦးသည် မြန်မာဘာသာ စကားလုံးဝမတတ်ဘဲ ရဲများက စစ်ဆေးရာတွင် စကားပြန်မှတစ်ဆင့်သာ စစ်ဆေးရကြောင်း သိရသည်။ ထိုဘင်္ဂါလီ ၈ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ နာစီယာ ဘာရိုကျေးရွာမှ အိန္ဒိယနိုင်ငံ အင်ဖာမြို့ မိုရေးကျေးရွာသို့ ရောက်ရှိပြီး ထိုမှ တစ်ဆင့်ကလေး၊ တမူးသို့ ရောက်ရှိခဲ့ကာ မန္တလေးမြို့သို့ ရောက်ရှိစဉ်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Popular Myanmar News Journal