နာရေးကားနှင့် လူနာတင်ကားနှစ်စီးကို လိုင်စင်မဲ့ကားဟုဆိုကာ အဖမ်းခံခဲ့ရသော ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦး ယနေ့လွတ်မြောက်လာ

ပို့စ်တင်ချိန် - 4/09/2014 06:14:00 PM




ရန်ကုန်၊ ဧပြီ ၉
နာရေးကားနှင့် လူနာတင်ကားနှစ်စီးကိုလိုင်စင်မဲ့ဟုဆိုကာ အဖမ်းခံခဲ့ရသော
ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦးယနေ့လွတ်မြောက်လာကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ် သော်ဝိကျေးရွာမှ အဆိုပါအသင်းပိုင်ကားနှစ်စီးမှာလိုင်စင်မဲ့ကားဖြစ်သည်ဟုဆိုကာ မတ် ၂၆ ရက်တွင် အသင်းဝင်ခုနှစ်ဦးသည် သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မ ၁၀ တို့ဖြင့်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့အဖမ်းခံခဲ့ရပြီးနောက် ယနေ့ ဧပြီ ၉ ရက်နေ့တွင်ညောင်လေးပင်မြို့နယ်တရားရုံးမှနောက်ဆုံးစီရင်ချက်အဖြစ်ထောင်ဒဏ်တစ်ပတ်နှင့် ဒဏ်ငွေတစ်သောင်း စီရင်ချက်ချခဲ့ကြောင်း ၊ချုပ်ရက်မှာ ၁၄ ရက်ဖြစ်နေ၍ အသင်းဝင်ခုနှစ်ဦးလုံး ယနေ့လွတ်မြောက်လာကြကြောင်း ၊ ရန်ကုန်နာရေးကူညီမူအသင်းအပါအ၀င်လူမူကူညီရေးအသင်းများကလည်း အားပေးရန်အတွက်ညောင်လေးပင်မြို့နယ်သို့ရောက်ရှိနေကြောင်း ရွာခံတစ်ဦးဖြစ်သည့် ဦးသန်းဝင်းကပြောသည်။MZ

Popular Myanmar News Journal