ဆိုင်အတွင်းသို့ဝင်ရောက်၍ ဓါးဖြင့်ထိုးကာ ငွေများလုယက်သူကို ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 4/09/2014 08:46:00 PM


ရန်ကုန်၊ ဧပြီ ၉

၈.၄.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေ အတွင်း သတင်းစုံစမ်းနေစဉ် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ Z-4 ဖုန်းနှင့် ကွန်ပျူတာပြုပြင် ရောင်းဝယ်ရေး ဆိုင်အနီး အရောက်တွင် ၎င်းဆိုင်အတွင်းမှ ဘေးလွယ်အိတ် လွယ်ထားသော လူငယ်တစ်ဦး ပြေးထွက်လာသည်ကို တွေ့ရှိရပြီး နောက်မှ လူတစ်ဦးပြေးလိုက်လာကာ ဆိုင်အတွင်းသို့ဝင်ရောက်၍ ဓါးဖြင့်ထိုးကာ ပိုက်ဆံများလုယူသွားသဖြင့် ၀ိုင်းဝန်းဖမ်းဆီးပေးရန် အော်ဟစ်အကူအညီ တောင်းခံနေသည်ကို တွေ့ရှိရ၍ ပတ်ဝန်းကျင်မှ ပြည်သူများအကူအညီဖြင့် လွယ်အိတ်လွယ်ထားသောလူငယ်ကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသဖြင့် အဆိုပါလူငယ်အားစစ်ဆေးရာ စောထက်ဦးအောင်၊ (၂၁)နှစ်၊ (ဘ)ဦးရဲထွန်းကျော်၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းလွယ်ထားသော ကျားကွက်ပုံပါအညိုရောင် သားရေဘေးလွယ်အိတ်အား သက်သေများနှင့်အတူရှာဖွေရာ ငွေစက္ကူရောရာ(၁၅၅၀၀၀)ကျပ်နှင့် အရိုးအသွား(၈)လက်မခန့်ရှိ ကော်လက်ကိုင်ရိုးတပ် စတီးဓါးဦးချွန်(၁)ချောင်းတို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ စောထက်ဦးအောင်မှ ဓါးဖြင့်ထိုးခဲ့၍ Z-4 ဖုန်းနှင့်ကွန်ပျူတာပြု ပြင်ရောင်းဝယ်ရေးဆိုင်ရှင် ကိုကျော်မြင့်နိုင်တွင် ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ၀ဲလက်ဖျံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရ ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ စောထက်ဦးအောင် ကို ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၁၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ကာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police