နေပြည်တော် ဘုန်းကြီးကျောင်း ကိစ္စ အာဏာပိုင်နှင့် ထိပ်တိုက် တွေ့လာနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်သတိပေး

ပို့စ်တင်ချိန် - 4/09/2014 05:57:00 PM


ဖယ်ရှားမပေးလျှင် ဆွဲချဖမ်းဆီး ခြင်းများ ပြုလုပ်လာမည့် နေပြည်တော် မှ ဘုန်းကြီးကျောင်း ကိစ္စရပ်ကြောင့် မကြာမီ အာဏာပိုင်နှင့် ယင်းကျောင်း သံဃာတို့အကြား ထိပ်တိုက်တွေ့လာနိုင်ကြောင်း ဇမ္ဗူသီရိ မဲဆန္ဒနယ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သတိပေးပြောကြားသည်။

ပြီးခဲ့သည့်နှစ်မှစ၍ နေပြည်တော် အာဏာပိုင်များက နေပြည်တော်ကောင်စီ အတွင်းရှိ ဘုန်းကြီးကျောင်း ၃ဝ ကို ကျူးကျော်ဝင်ရောက်ဆောက် လုပ် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် အမိန့် မလိုက်နာသူ သံဃာအချို့အားလူဝတ်လဲစေကာ ထောင်ချခြင်းများ ပြုလုပ် ခဲ့မှု၏ နောက်ဆက်တွဲသက်ရောက်မှုများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

''ကျန်နေတဲ့သံဃာတွေကလည်း မဖယ်ပေးဘူး။ လုပ်ချင်တာလုပ်၊ အာဏာပိုင်တွေလည်း သူတို့ဝတ္တရားအတိုင်း ဖမ်းတာဆီးတာတွေတော့ လုပ်မှာပဲ။ အဲဒီအခါမှာ ဘာတွေဆက်ဖြစ်မလဲ ကျွန်မ တော်တော် စိုးရိမ်နေတယ်'' ဟု ဒေါ်စန္ဒာမင်းက ပြောသည်။ ယခုအခါတွင် ထွက်ခွာပေးရန်ကျူးကျော်ဘုန်းကြီးကျောင်းများကို ညွှန်
ကြားလွှာပေးပို့ခြင်းများ၊ ရှောင်တိမ်းပြေးခွာသူများကို ဝရမ်းပြေးအဖြစ် သတ်မှတ်ကြောင်းကို အာဏာပိုင်များက အမိန့်စာကပ်ခြင်းများ ပြုလုပ်လျက်ရှိနေ ကြသည်။

အမိန့်စာအကပ်ခံရသည့် ရွှေဝါမြိုင် ဆရာတော်ဦးပညာလင်္ကာရက- ''ရှောင်ဖယ်ပြီး ပြေးမှာမဟုတ်ဘူး။ ဦးပဉ္ဇင်းကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ရင်ဆိုင်သွားမယ်'' ဟု မိန့်ကြားသည်။ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့ နယ်တို့မှ ကျူးကျော်သည်ဟု အစွပ်စွဲခံထားရသော ကျောင်းထိုင်အချို့မှာ ထွက်ပြေးတိမ်းရှောင်ခြင်းများ ပြုလုပ် လျက်ရှိသည်ဟု အထက်ပါ ဆရာတော် ထံမှ သိရသည်။

သို့သော်လည်း ထိပ်တိုက်ရင်ဆိုင်မှုပြုမည့် ကျောင်း အချို့မှာ နှစ်ကျောင်းသုံးကျောင်းသာ ရှိနေကြောင်း သိရသည်။ လူဝတ်လဲကာ ထောင်ချခြင်းခံလိုက်ရသည့် ကျောင်းထိုင်

နှစ်ပါးကိုတရားရုံးက ထောင်ဒဏ်ခြောက်လ အပြစ်ပေးလိုက်ပြီး ကျန်ဘုန်းကြီး ကျောင်းအချို့ကိုဝရမ်းစာကပ်၍ ကြေညာထားခဲ့သည်။

Popular Myanmar News Journal