ချစ်သူ ဈေးဝယ်တာကို စောင့်ရတာ စိတ်မရှည် တော့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေ

ပို့စ်တင်ချိန် - 4/09/2014 09:06:00 AM



တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ် မှာဖြစ်ပွားခဲ့ တဲ့မှုခင်းတစ်ခုကတော့ ထူးခြား တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တာအိုဟာစီယာအို အမည်ရ တရုတ် အမျိုးသား တစ်ဦးဟာ ခရစ္စ မတ်အကြို အဖြစ် ချစ်သူဖြစ်သူ နဲ့အတူ ဈေး ၀ယ်ထွက် ခဲ့ကြပါတယ်။ တာအိုရဲ့ချစ်သူဟာ အ၀တ်အစားနဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်း တွေကို ငါးနာရီကျော် အကြာအထိ ၀ယ်ယူမှု ပြုလုပ်ခဲ့ပါတယ်။

တာအိုဟာ ချစ်သူရဲ့ အပြု အမှုကို သည်းခံနိုင်ခြင်း မရှိတော့ဘဲ ဈေးဝယ် ခြင်းကိုရပ်တန့်ဖို့ တောင်းဆို ခဲ့ပါ တယ်။ ဒါပေ မဲ့ တာအိုရဲ့ချစ်သူက ဈေးဝယ်ခြင်းကို ဆက် လက်ပြုလုပ် ခဲ့ပါတယ်။ ဒီနောက် တာအိုဟာ သည်းမခံနိုင်တဲ့ အဆုံး ဈေးဝယ်စင်တာ လေသာ ဆောင်ကနေ ခုန်ချ သတ်သေမှု ပြုလုပ် သွားခဲ့ ပါတယ်။ အသက်(၃၈) နှစ်အရွယ်ရှိ တာအို ဟာ ချစ်သူရဲ့ အပြုအမှုကို သည်းမခံတဲ့ အဆုံး ဒီလိုပြုမှု သွားခြင်းဖြစ် တယ်လို့ မျက်မြင်သက် သေတွေက ထွက်ဆို ထားကြပါတယ်။

တာအို ဟာ ချစ်သူဖြစ်သူရဲ့ ဈေးဝယ်ရာကို တကောက် ကောက်လိုက်ပါရင်း အိတ်တွေပေါင်း မြောက် များစွာကိုလည်း ကိုင်တွယ်ပေး ခဲ့ရပါတယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ ဈေးဝယ်ထွက် နေတဲ့ ချစ်သူရဲ့အပြုအမှုဟာ တာအိုကို များ စွာ စိတ်အနှောင့် အယှက်ဖြစ် စေခဲ့ပါတယ်။ တာအိုက ချစ်သူဖြစ် သူကို ထပ်မံပြီး ဆိုင်တွေ ကိုမသွား ရောက်ဖို့ တားမြစ်ခဲ့ရာမှ ပြောမရတဲ့ အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ တာဖြစ်ပါတယ်။

မျက်မြင် သက်သေ တစ်ဦး က ““တာအိုဟာ သူ့ရဲ့ချစ်သူကို ဖိနပ်တွေဝယ် ယူတာ လုံလောက် နေပြီဖြစ် တယ်လို့ ပြော ကြားခဲ့ပါ တယ်။ နောက်ပြီး ဒီဖိနပ်တွေဟာ တစ်ဘ၀စာ ၀တ်လို့ ရနေပြီလို့ ပြောခဲ့ပါသေး တယ်။ ဒီအချိန်မှာ တာအိုရဲ့ချစ်သူက အော် ဟောက်မှု တွေပြုလုပ်ခဲ့ပါတယ်။ သိပ်မကြာမီ မှာ တာအိုဟာ အပေါ်ထပ်က နေ ခုန်ချ သတ် သေသွား ခဲ့တာဖြစ်ပါတယ်””လို့ ပြောသွားခဲ့ ပါတယ်။ ဈေးဝယ်စင်တာရဲ့ တာဝန်ရှိသူတစ် ဦးက တာအိုခုန်ချ မှုကြောင့် အခြားဈေးဝယ် သူတွေ ဒဏ်ရာ မရခဲ့ပေမယ့် ပစ္စည်း တချို့ ပျက် သွားခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ်။ တာအို အောက်ပြုတ် ကျသွားခဲ့ပြီး တဲ့နောက် မှာ ကယ်ဆေး ရေးအဖွဲ့ဝင်တွေ ရောက်ရှိလာ ပြီး ကယ်တင်မှု ပြုလုပ်ဖို့ ကြိုးစားခဲ့ ပေမယ့် အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွား ခဲ့တယ် လို့ သိရပါတယ်။

Myawady News