သေဆုံး သွားတဲ့ ကလေး အတွက် ၀မ်းနည်းစွာ ငိုကြွေး နေတဲ့ ရေမြင်းမကြီး

ပို့စ်တင်ချိန် - 4/09/2014 09:05:00 PM



ဒီမြင်ကွင်း ကို မြင်ရဖို့ မလွယ် ကူပါဘူး။  ပုံမှာ မြင်ရ တဲ့ အတိုင်း  ရေမြင်းမကြီး  ဟာ သေ ဆုံး သွားတဲ့ ကလေး ငယ် အတွက် ၀မ်းနည်း စွာ ငိုကြွေး နေတဲ့ မြင်ကွင်း က   အားလုံး ကို    စိတ် ထိခိုက် စေခဲ့ ပါတယ်။ ဒီ ဓာတ်ပုံ ကို ရိုက်ကူး  ခဲ့တဲ့ ဓာတ်ပုံ ဆရာ တော့ပါး က ဒီမြင်ကွင်း ကို မြင်ရပြီး တဲ့နောက်  အလွန် စိတ်မကောင်း ဖြစ် မိကြောင်း ပြောကြား သွားခဲ့ပါတယ်။   ကော့ပါး ဟာ သဘာဝ သားရဲ  တိရိစ္ဆာန်တွေကို ဓာတ်ပုံ ရိုက်ကူးတဲ့ ဓာတ်ပုံဆရာဖြစ်ပြီး ဘော့ဆွာနာ နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းကို အမိအရ မှတ်တမ်း  တင်နိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။

          ရေမြင်းမကြီးဟာ   မြစ် ကမ်းဘေးမှာ ၀မ်းနည်းစွာ ငိုကြွေး နေပြီး၊ သူ့ရဲ့ အနားမှာ လည်း အခြားရေမြင်း တွေ လည်းရှိနေပါ တယ်။ ရေမြင်းကလေးဟာ ဘာကြောင့်သေ ဆုံးသွား  သလဲဆိုတာ မသိရှိ  ရပါဘူး။ ရေမြင်း မကြီးဟာ ကျောက်တုံးနားမှာ  အော်ဟစ် နေ ခဲ့တယ်လို့ ဓာတ်ပုံ ဆရာ ကော့ပါးက ထင်မှတ် ခဲ့တာဖြစ်ပါတယ်။ သေချာကြည့်တဲ့အခါ ကျောက်တုံးမဟုတ်ဘဲ ရေမြင်းပေါက်စလေး ဖြစ်နေပါတယ်။ ရေမြင်းမကြီး  ဟာ သူ့ရဲ့ က လေးငယ်ခြေထောက်ကို နှုတ်သီးနဲ့ တွန်း ထိုးပြီး အော်ဟစ်ငိုကြွေးခဲ့ပါတယ်။ ဓာတ်ပုံ ဆရာကော့ပါးဟာ နောက် တစ်ရက်မှာ ဒီနေရာ  ကို ပြန်လာကြည့်တဲ့အခါ ရေမြင်းမကြီးက သေဆုံးနေတဲ့ ကလေးငယ်နားကနေ မခွာဘဲ ၀မ်းနည်းလျက်ရှိတာကို အံသြဖွယ်ရာမြင်တွေ့ ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

messengernewsjournal