Windows Phone 8.1 အသုံးပြုထားသည့် Nokia Lumia 930

ပို့စ်တင်ချိန် - 4/09/2014 10:35:00 AM


နာမည်ကျော် ဖုန်းကုမ္ပဏီ Nokia သည် Windows Phone 8.1 အသုံးပြုထားသော Lumia 930 စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်းအသစ်တွင် ၅ လက်မအရွယ် 1080p display ကိုအသုံးပြုထားကာ သတ္တုကိုယ်ထည်ကို ထောင့်မှန်စတုဂံပုံစံဖြင့် ပြုလုပ်ထားသည်။ အဝါ၊ အစိမ်း၊ အဖြူ  ၊ အနက်  အရောင်စုံဖြင့် ရရှိနိုင်သည့် Lumia သည် Nokia Icon နှင့်ဆင်တူပြီး ၎င်းသည်လှပစွာ ပြုလုပ်ထားသည့် ထုတ်ကုန်ဖြစ်ကြောင်း Microsoft ၏ထုတ်ကုန်သစ်အကြီးအကဲ Stephen Elop က ဖုန်းကိုမိတ်ဆက်စဉ် ပြောကြားခဲ့သည်။

Nokia Lumia 930 တွင် Snapdragon 800 ပရိုဆက်ဆာ၊ ကြိုးမဲ့အားသွင်းစနစ်နှင့် အလွန်ကောင်းမွန်သည့် ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန်အတွက် Zeiss မှန်ဘီလူးနှင့်အတူ 20 megapixel Pure-View ကင်မရာကို အသုံးပြုထားကြောင်း သိရသည်။ ထို့ပြင်၎င်းစမတ်ဖုန်းတွင် ပိုမိုကောင်းမွန်သော ဆော့ဖ်ဝဲများအပြင် အဆင့်မြှင့်တင်ထားသော ဆော့ဖ်ဝဲများလည်း ပါဝင်လာသည်။

Nokia Lumia 930 ကိုကမ္ဘာတစ်ဝန်းလုံးသို့ ရောင်းချသွားမည်ဖြစ်ပြီး ဇွန်လတွင် ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင် စတင်ရောင်းချသွားမည် ဖြစ်သည်။ စာချုပ်များနှင့် အခွန်များမပါဝင်ဘဲ ဝယ်ယူပါက ဒေါ်လာ ၅၉၉ တန်ဖိုးရှိကြောင်း သိရသည်။



-စိုးထက်
Ref: TheVerge
Internet Journal