MH 370 လေယာဉ် ရှာဖွေမှု ကုန်ကျ စရိတ်သည် လေယာဉ်ရှာဖွေမှု သမိုင်းကြောင်းတွင် အကုန်အကျ အများဆုံးဖြစ်

ပို့စ်တင်ချိန် - 4/09/2014 05:47:00 PM


မလေးရှား ပျောက်ဆုံး လေယာဉ်အား ခြေရာခံနိုင်ရန်အတွက် လေယာဉ် ရှာဖွေရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာကို အသုံးပြု ခဲ့ရခြင်း ကြောင့် MH 370လေယာဉ် ရှာဖွေရေး ကုန်ကျစရိတ် သည် လေယာဉ်ပျောက် ရှာဖွေမှု သမိုင်းတစ် လျှောက်တွင် ငွေကုန်ကြေးကျ အများဆုံး ရှာဖွေမှုဖြစ် လာခဲ့သည်ဟု သိရသည်။

MH 370လေယာဉ်ရှာဖွေရေး လုပ်ငန်းတွင် နိုင်ငံပေါင်း ၂၆နိုင်ငံမှ လေယာဉ်များ၊ သင်္ဘောများ၊ ရေငုပ် သင်္ဘောများနှင့် ဂြိုဟ်တုများက ပါဝင် ကူညီကြသည်။

MH 370ပျောက်ဆုံး လေယာဉ်ကို ရှာဖွေခဲ့သည့် တစ်လလုံးတွင် အိန္ဒိယ သမုဒ္ဒရာရှိ စစ်ဘက်သုံး သင်္ဘောများနှင့် လေယာဉ်များ ဖြန့်ချထားမှု အပါအဝင် တောင် တရုတ် ပင်လယ်၌ တပ်ဖြန့် ချထားမှု အားလုံးအတွက် သုံးစွဲခဲ့ရသည့် ငွေပမာဏမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ ၄၄ သန်း ရှိကြောင်း ရိုက်တာ သတင်းဌာနက ထုတ်ပြန် သည်။

အဆိုပါ ကုန်ကျ စရိတ်သည် လေယာဉ် ရှာဖွေမှုအတွက် နာရီတိုင်း လိုလိုတွင် အသုံးပြုခဲ့သည့် ကာကွယ်ရေး တပ်ဖွဲ့များ၏ စာရင်းများပေါ်တွင် အခြေခံ၍ တွက်ချက် ထားခြင်းဖြစ်ပြီး ကုန်ကျစရိတ် အတိအကျမှာမူ ယခု တွက်ချက်ထားသည့် ပမာဏထက် သုံးဆ သို့မဟုတ် လေဆခန့် ပိုမိုများပြား နိုင်ဖွယ် ရှိသည်ဟု ရိုက်တာ သတင်း ဌာန၏ ဖော်ပြချက် အရ သိရသည်။

မြ၀တီ