အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်

ပို့စ်တင်ချိန် - 8/07/2013 07:03:00 PM


ပဲခူးတိုင်း(အနောက်ပိုင်း)ပြည်မြို့၊ကမ်းနားလမ်း၊ကျောင်းကြီးအိုးတန်း
ရပ်ကွက်တွင် Myanmar MAAHKaWa(မအဲခ၀)အမည်ရှိဂျပန်
ပိုင်အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်
ထားကြောင်းသိရှိရသည်။

ထိုစက်ရုံတွင်အလုပ်ချိန် မနက်ခြောက်နာရီခွဲမှနေ့လည်တစ်နာရီခွဲ၊နေ့လည်တစ်နာရီခွဲမှ
ညကိုးနာရီခွဲ အလုပ်ချိန်နှစ်ချိန်ရှိသည်။ဝန်ထမ်3း8ယောက်ခန့်ထားရာ
ရုံးဝန်ထမ်းမှအပ ကျန်စက်ချုပ်ဝန်ထမ်းများကို လစာတစ်သိန်းနှစ်သောင်းဖြင့်
အလုပ်ခန့်ခဲ့ပြီး အမှန်တကယ်မှာ လစာခြောက်သောင်းသာပေးခဲ့သည်။

ထို့အပြင်ဂျပန်သို့ပညာတော်သင်ရန် လွှတ်မည်ဟုပြောကာ ပတ်စပို့များပြုလုပ်ခိုင်းပြီး
ဝန်ထမ်းများအားလိမ်ညာခဲ့သည်။အခွန်ရှောင်လိုသဖြင့် ယခုအခါ မြန်မာ သီတာ
အမည်ပြောင်းပြီး တရားမ၀င်ဖွင့်လှစ်ထားပါသည်။

ဝန်ထမ်းများအားသက်ဆိုင်ရာမှလာရောက်မေးမြန်းလျှင် ဂျပန်မှဝယ်ယူမည်ဖြစ်သဖြင့်
ဂျပန်နည်းပညာလာပြကြောင်းပြောကြားရန် မှာထားကြောင်းလည်းသိရသည်။

ထိုတရားမ၀င် ဂျပန်အထည်ချုပ်စက်ရုံကို
2013ရှစ်လပိုင်းတွင်အောင်ဆန်းပြည်သာယာကွက်သစ်သို့ပြောင်းရွှေ
့ရန်စီစဉ်ထားကြောင်းလည်း သိရှိရသည်။ထိုဂျပန်ပိုင်အထည်စက်ရုံအတွက်
တာဝန်ယူထားသူများမှာ ရန်ကုန်ဆူးလေဘုရားအနီးရှိ ဗိုလ်ဆွန်ပက်တာဝါတွင်
ဖွင့်လှစ်ထားသောVEVOပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းလုပ်ငန်းပိုင်ရှင် ဦးရဲထွန်း
နှင့် မဇင်မာထွန်း(ကမ္ဘာစိုးစတိုး ၊ပြည်ြမို့ )တို့ဖြစ်ကြောင်းသိရသည်။

အလုပ်သမားများ၏ရပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် အခွန်ရှောင်
ဖွင့်လှစ်ထားခြင်းတို့ကို သက်ဆိုင်ရာမှ အရေးယူပေးပါရန် အသိပေးအပ်ပါသည်။


သတင်းပေါင်းစုံ