မြန်မာအလုပ်သမားအား ပါးရိုက်ပြီးစစ်တဲ့ မလေးရှား ရဲအရာရှိ အပြစ်ပေးခံရ

ပို့စ်တင်ချိန် - 12/17/2013 12:17:00 PM


ဒီနေ့ည မလေးရှား TV3 နဲ့ TV7 သတင်းမှာ မြန်မာ အလုပ်သမားကို ပတ်စပို့
စစ်ဆေးရာတွင် ပါးရိုက်ပြီးစစ်တဲ့ ရဲအရာရှိကို ရဲအဖြစ်ကနေ ဖြုတ်ချပြီး
အပြစ်ပေးလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီလိုလုပ်တာက သူတို့မလေးရဲတွေကို ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့
ယူဆပြီး အခုလို အပြစ်ပေးလိုက်တယ်လို့ TV သတင်းတွင် ကြေငြာခဲ့တာကို
သိရှိပါတယ်။

မနေ့ကတည်းက ပါးရိုက်ပြီးစစ်တဲ့ ဗီဒီယိုဖိုင် Facebook ပေါ်တွင်
ပြန့်နှံ့နေခဲ့ပြီး အခုလို TV သတင်းဌာနတွင် တရားဝင်ကြေငြာ
အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဖြစ်တာက ပီနန်မှာလို့ သိရပါတယ်။

ဒီသတင်းနဲ့ ပက်သက်ပြီး အသေးစိပ် သိရှိသူများ အောက်မှာကွန်မန့်ဖြင့်
ရေးခဲ့ပေးပါ ခင်ဗျာ။ အားလုံး သိရှိအောင်လို့ပါ။

ပါးရိုက်တဲ့ ဗီဒီယိုဖိုင်ကို မလေးရှား တရုတ် သတင်းဌာနမှ တင်ထားသည်ကို
ကူးယူပြီး ပြန်လည် မျှဝေလိုက်ပါတယ်။

နေဇော်လင်း