ဓာတ်မတည့်မှု ဖြစ်ခြင်းနှင့် ဘဝနေထိုင် စားသောက်မှု ပုံစံ

ပို့စ်တင်ချိန် - 12/17/2013 07:00:00 AM


ဘဝနေထိုင်မှု ပုံစံ (Lifestyle)က ဓာတ်မတည့်မှု ဖြစ်တဲ့ လူတွေရဲ့ အရေအ တွက်ကို တိုးစေတယ်လို့ ထင်နေပါသ လား။ မှန်ပါတယ်။ ဘဝနေထိုင်စား သောက်မှုပုံစံတချို့ဟာ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို တိုးစေနိုင် တယ်လို့ သိရပါ တယ်။ အထူးသဖြင့် အစားအသောက်နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ ဓာတ်မ တည့်မှုနဲ့ ဆက်စပ်နေပါတယ်။
အကျိုးပြု ဘတ်တီရီးယားနှင့် ဓာတ်မတည့်မှု
အကျိုးပြု ဘက်တီးရီးယား တွေက အူမကြီးထဲမှာ ရှင်သန်နေတဲ့ အန္တရာယ် ကင်းအဏုဇီဝပိုး(Micro-organism) တွေဖြစ်ကြ ပါတယ်။ Synbiotics ဆို တာ အကျိုးပြုဘက် တီးရီးယားနဲ့ Prebiotics လို့ခေါ်တဲ့ အထူးသကြားတို့ ပေါင်းစပ် ထားတဲ့ အရာဖြစ်ပြီး အကျိုးပြု ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို လှုံ့ ဆော်ပေးပါတယ်။ လေ့လာမှုတွေ အရ ဓာတ်မတည့်မှုဖြစ် လွယ်တဲ့ ကလေးတွေ ဟာ ဓာတ်မတည့်မှု မဖြစ်တတ်တဲ့ က လေးတွေထက် အူထဲမှာ အကျိုးပြုဘက် တီးရီးယား နည်းနည်းပဲ ရှိကြောင်း သိရ ပါတယ်။ အကျိုးပြု ဘက်တီးရီးယား Lactobacillus GG နဲ့ Lactobacillus rhamnosus တို့ဟာ အသက်နှစ် နှစ်အောက်ငယ်တဲ့ ကလေးတွေမှာ နှင်း ခူနာတွေကို သက်သာစေ ပါတယ်။
အကျိုးပြု ဘက်တီးရီးယားတွေက ကိုယ်ခံစွမ်းအားစနစ်ကို လျော့ကျမှုမရှိစေ တဲ့အပြင် အထွေထွေ ဓာတ်မတည့်တဲ့ အခြေအနေတွေကို လျော့ကျစေကာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်စေ တာကို တွေ့ရပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်လအနည်းငယ်ကြာ အကျိုးပြု ဘက်တီးရီးယားတွေကို မှီဝဲသင့်ပါတယ်။ ကလေးတွေရဲ့ အစာကို အကျိုးပြုဘက် တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးနဲ့ အား ဖြည့်ပေးဖို့လည်း လိုအပ်ပါတယ်။

Good Health