2014 New Year Education Expo ကျင်းပပြုလုပ်မည်

ပို့စ်တင်ချိန် - 1/15/2014 06:00:00 AM


အတွဲ (၁၅)၊ အမှတ် (၃)
အင်ဂျင်နီယာ ဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ ဖက်ရှင်ဒီဇိုင်း ဘာသာရပ်၊  ကွန်ပျူတာဘာသာရပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဘာသာရပ်နှင့် ဆေးပညာရပ်များကို စိတ်ဝင်စားပြီး နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့များကို ရယူလိုသူများအတွက် ဘာသာရပ်အစုံအလင်  လေ့လာနိုင်သည့် ပညာရေးပြပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် နေ့ နံနက် (၉) နာရီမှ (၁၂) နာရီအထိ မန္တလေးစွမ်းဟိုတယ်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



နိုင်ငံတကာ ပညာရေးပြပွဲတွင် စင်ကာပူနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံသို့ သွားရောက် ပညာသင်ယူလိုသူများအတွက် တက်ရောက်နိုင်သော ဘာသာရပ်များ၊ ပညာရေးလမ်းကြောင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ရှိသူများကိုယ်တိုင် လာရောက် ရှင်းလင်းပြသမည် ဖြစ်သည်ဟု သိရသည်။



နှစ်သစ်ပညာရေး ပြပွဲတွင် လာရောက်ပြသပေးမည့် တက္ကသိုလ်များမှာ AUSTON, KAPLAN, MDIS, PSB, RAFFLES, SHELTON, SIM, TMC နှင့် မန္တလေးမြို့မှ APEX, Mandalay Polytechnic တို့ဖြစ်ပြီး မိမိတို့ သားသမီးများ၏ ပညာရေးအတွက် အသေးစိတ် ဆွေးနွေးနိုင်မည် ဖြစ်သည်။ နှစ်သစ်ပညာရေးပြပွဲကို မန္တလေးမြို့ အခြေစိုက်နိုင်ငံတကာ ကျောင်းများ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သော Future Link Goup Co.,Ltd မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြပွဲသို့ လာရောက်လေ့လာသော ကျောင်းသား၊ ကျောင်းသူများအတွက် SAMSUNG GALAXY STAR PLUS အား အမှတ်တရ မဲဖောက်ပေးခြင်း၊ IELTS စာမေးပွဲတွင် Band 5.5 နှင့် အထက်ရရှိသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုသည့် ဖုန်းငွေဖြည့်ကတ်များ ချီးမြှင့်ခြင်း၊ ကျောင်းလျှောက်သော ကျောင်းသား၊ ကျောင်းသူများအား Registration Fee များကို Free ပေးခြင်း၊ One way Air Ticket လက်ဆောင်ပေးခြင်း၊ MRT Ticket လက်ဆောင်ပေးခြင်း၊  Medical Check up အခမဲ့ စစ်ဆေးခွင့်ပြုခြင်း၊ SGD 300, SGD 100 Gift Card ပေးအပ်ခြင်း စသည့် လက်ဆောင်များကို ပြပွဲရက်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ Golden Myanmar Airlines မှလည်း ပံ့ပိုးကူညီသည့်အနေဖြင့် တစ်နှစ်ပြည့် အထိမ်းအမှတ် အထူးရောင်းချခြင်းများလည်း  ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို FUTUR Link International Education Provider ဖုန်း-၀၉-၅၀၂၆၀၀၅၊ ၀၉-၃၃၁၉၃၆၈၆ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal