ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် ရာခိုင်နှုန်းလျော့သုံးမည်

ပို့စ်တင်ချိန် - 1/15/2014 08:20:00 PM


လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်ကို အခုနှစ် ပမာဏလောက်ပဲ သုံးမှာ ဖြစ်ပေမယ့် ဘတ်ဂျက်တခုလုံးရဲ့ ရာခိုင်နှုန်းနဲ့ တွက်ရင်တော့ လျော့နည်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က ပြောပါတယ်။

ဇန်န၀ါရီ ၁၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂၀၁၄ – ၁၅ အမျိုးသားဘဏ္ဍာရေး ဥပဒေကြမ်းကိစ္စ ဆွေးနွေးတဲ့အခါ သူက ခုလို ပြောသွားတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ အခုဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ ၂၂၈၉ ဘီလျံ သုံးစွဲနေပြီး လာမယ့် ဧပြီလက စမယ့် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်အတွက်ကိုတော့ ကျပ်ငွေ ၂၂၈၂ ဘီလျံ အသုံးပြုမှာ ဖြစ်ပါတယ်။
DVB