နယူးယောက် လမ်းများပေါ်က အပေါ်ဗလာကျင်း ဆန္ဒပြသူများ (video)
														ပို့စ်တင်ချိန်
														- 6/05/2014 01:24:00 PM
အင်တာနက် ဆင်ဆာကို ဆန့်ကျင်ဖို့ရန် အတွက် အမျိုးသား/သမီး အယောက် ၂၀ ဟာ တနင်္ဂနွေနေ့မှာ ၀ါရှင်တန် ဆကွဲ ပန်းခြံဆီကို အပေါ်ပိုင်း ဗလာကျင်းပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
သူတို့အဖွဲ့ကတော့ အင်တာနက် ဆင်ဆာကို ဆန့်ကျင်ဖို့အတွက်နဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေမှာ နောင် ဖြစ်ပေါ်လာမယ့် အမျိုးသမီးတွေရဲ့ ရင်သားနဲ့ သက်ဆိုင်ပြီး ပြောဆိုပြုမူကြတာတွေကို လှုံဆော်ဖို့ အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ အဖွဲ့ကို တည်ထောင်သူ အသက် ၂၉နှစ်ရှိ လီနာကတော့ ၁၉၉၂ ခုနှစ်ကစလို့ အမေရိကန် ပြည်ထောင်စုရဲ့ ပြည်နယ် ၃၇ ခုမှာ အမျိုးသမီးတွေ အပေါ်ပိုင်း ဗလာကျင်းပြီး နေထိုင်ခွင့် ကို တရားဝင် ပြဌာန်းခဲ့ပြီး အများသူငါကြားမှာလဲ လွတ်လပ်စွာ နေထိုင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် နယူးယောက် ပြည်သူ့ရဲတွေကတော့ အဲဒီလို အပေါ်ဗလာကျင်းပြီး ရင်သားပေါ်သူ အမျိုးသမီးတွေကို ဆက်လက် ဖမ်းဆီးလျှက် ရှိနေပါသေးတယ်။ ဒါဟာ တစ်ချိန်က ပြဌာန်းခဲ့ပြီးတဲ့ ဥပဒေကို လိုက်နာမှု မရှိဘူးလို့ ပြသလိုက်သလိုပါပဲ။
ဒါ့ကြောင့် အခုလို ဗလာကျင်းပြီး ကျွန်မတို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးကို လူအများ သိရှိအောင် ဆန္ဒပြခြင်း ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ အမျိုးသမီးများဟာ ဓါတ်ပုံရိုက်ပြီး အင်တာနက် စာမျက်နှာနဲ့ အခြား လူမှုကွန်ယက် တွေမှာ တင်တဲ့အခါ သူတို့ရဲ့ အခွင့်အရေးကို အပြည့်အ၀ မရရှိပါဘူးတဲ့။ အကယ်၍ ရင်သားပေါ်နေခဲ့ရင် အမျိုးမျိုး ဝေဖန် ပြစ်တင်ခံရရုံမက အခန့််မသင့်ရင် ရဲများက အမြင်မတင့်တယ်ဘူး ဆိုပြီး ဖမ်းဆီးပါသေးတယ်။ ဒါတွေကို ဆန့်ကျင် ဆန္ဒပြဖို့ အတွက် Free The Nipple ဆိုတဲ့ ယခု ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်လို့ Scout ဆိုသူ အမျိုးသမီးကလည်း ပြောပါတယ်။
ကဲ ဆန္ဒပြသူတွေကတော့ ပြကုန်ပြီ။ နယူးယောက် ရဲတွေ ဘာဆက်လုပ်မယ်နဲ့ ပြဌာန်းပြီးသား ဥပဒေအရ ဘယ်လို ကိုင်တွယ် ဆောင်ရွက်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ကြရအောင်။
World Myanmar News
ref: dailymial.co.uk



 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
