မန္တလေးတွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပဦးမည့် စိုးသူ

ပို့စ်တင်ချိန် - 3/31/2014 03:17:00 PM


ပန်းမြတ်ဇော်
ရန်ကုန်၊ မတ် ၃၀

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်စိုးသူ၏ Past & Present Soe Thu Live @ Mandalay ရှိုးပွဲကို မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်အားကစားကွင်းတွင် ဧပြီ ၁၁ ရက် ညနေ ၄ နာရီ၌ အခမဲ့ကျင်း ပပြုလုပ်သွားမည် ဖြစ်သည်။

စိုးသူက ““မနှစ်က Past & Present Live Show စီစဉ်ကတည်းက စီစဉ်ကြတဲ့သူတွေ အားလုံးက ပြည် တွင်းမှာပွဲလေးတွေ ထပ်ပြီးစီစဉ်ချင်ကြတယ်။ ပွဲတွေကို အရမ်း မစိပ်ချင်တာကြောင့် ရက်ကလေး နည်း နည်းခြားပြီး စီစဉ်လိုက်တယ်။ အကြောင်း တစ်ခုကြောင့် အဓိက,က လူများများလာ ကြည့်နိုင်အောင် နေ ရာသေချာရှာနေတာနဲ့ မလုပ်ဖြစ်ဘဲ သင်္ကြန်နားကပ်ပြီး အခုလို စီစဉ်ဖြစ်သွားတယ်”ဟု၎င်းက ပြောသည်။

ယင်းပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက် နှစ်ပတ်လည်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ပရိသတ် အများဆုံး ၀င်ရောက်ကြည့်ရှုနိုင်သည့်နေရာကို ရှာဖွေခဲ့ရာမှ သင်္ကြန်နားနီးသည့်အချိန်တွင် ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

စိုးသူ၏ ပထမဆုံးပြုလုပ်သည့် Past & Present Live @ Minder Ground Yangon ရှိုးပွဲကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ရက်တွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ အခမဲ့အနေဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ် မန္တလေးမြို့ ၌ပြုလုပ်ခြင်းသည် ဒုတိယအကြိမ်ကျင်းပခြင်း ဖြစ်သည်။

Past & Present Soe Thu Live @ Mandalay ရှိုးပွဲကို မန္တလေးတွင် ကျင်းပခြင်းသည် မန္တလေးပရိသတ် နှင့် ဆယ်စုနှစ် ကျော်မဆုံရသည်မှာ ကြာမြင့်ခြင်းကြောင့်ဖြစ်ပြီး ယင်းပွဲတွင် သီချင်းပေါင်းများစွာကို သီဆို ဖျော်ဖြေမည် ဖြစ်သည်။

အဆိုပါရှိုးပွဲကို Royal Zarmani Crea-tion and Innovation မှ စီစဉ်တင်ဆက် ပြုလုပ်ခြင်းဖြစ်ပြီး ရှိုးပွဲ လာရောက်ကြည့်ရှုသူများ အဆင်ပြေပြေကြည့်ရှုနိုင်ရန်အတွက် နေရာများကို အပိုင်းများခွဲခြားကာ ကြည့်ရှု ရမည် ဖြစ်သည်။

အဆိုတော်စိုးသူသည် တစ်ကိုယ်တော် ဖျော်ဖြေပွဲနှစ်ပွဲစလုံးကို အခမဲ့ပြုလုပ်ရခြင်းသည် ပရိသတ်များကို အခမဲ့ဖျော်ဖြေတင်ဆက်ချင်သည့် စိတ်ဆန္ဒကြောင့် အခမဲ့ဖျော် ဖြေတင်ဆက်ခြင်း ဖြစ်သည်။ ယင်းရှိုးပွဲတွင်Plus Three Band နှင့်Majesta တီးဝိုင်းတို့သည် စိုးသူ၏ သီဆိုမှုကို ပံ့ပိုးတီးခတ်ပေးမည် ဖြစ်သည်။

Mizzima Burmese