Cristiano Ronaldo စတန့်ထွင်ခြင်း

ပို့စ်တင်ချိန် - 3/31/2014 09:02:00 AM




ပေါ်တူဂီဖွား နာမည်ကျော် ဘောလုံးသမား ခရစ်စတီးနားရော်နာလ်ဒို ဟာ သားယောင်္ကျားလေး တစ်ယောက်မကြာခင်ကပဲ ရရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ဆိုရှယ်လ် နက်ဝက် ဆိုက်၊ facebook မှာ ဂျူလိုင် ၄ ရက်နေ့က ကြော်ငြာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မီဒီယာတွေကြားမှာ အတည်မပြုနိုင်ပဲ ကောလ ဟာလလို့လဲ တစ်ချို့က ယူဆခဲ့ကြပါတယ်။ သူ့ရဲ့တစ်ရားဝင် ချစ်သူ ရုရှား မော်ဒယ်လ် Irina Shayk ကိုယ်တိုင် လဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မသိရှိခဲ့တဲ့ အတွက် မီဒီယာတွေကို အစောပိုင်းက ငြင်းဆိုခဲ့ပါတယ်၊ သူမအနေနဲ့လဲ ဒီလို သတင်း သူမ မသိပဲ ထွက်ပေါ်လာပြီးနောက်မှာ စိတ်ရှုပ်ထွေးမှုတွေနဲ့ Cristiano ကိုလဲမကျေနပ်ဖြစ်ခဲ့ပါတယ်၊ သူမနဲ့ Cristiano တို့ ကိုယ်ပိုင် သားသမီး ယူ ဖို့ အစီအစဉ် ရှိထားလေတော့ ဒီသတင်းကို မဖြစ် နိုင်ဘူးလို့ပဲအခိုင် အမာသူမယုံကြည်ထားခဲ့ပါတယ်၊ ဒါပေမဲ့ ပေါ်တူဂီပွဲအပြီး ဂျူလိုင် ၈ရက် နေ့ မှာ Cristiano နယူးယောက်မြို့ကို အနားယူ အပန်းဖြေ ဖို့ ရောက်တဲ့အခါမှာတော့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ဒီသတင်းဟာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပါတယ်။ သို့သော်လဲ ခလေးရဲ့မိခင် ဘယ်သူဆိုတာထုတ်ဖော်ပြော မှာမဟုတ်သလို မိခင်လုပ်သူဘက်ကလဲ ဒီခလေးနဲ့ရှေ့လျှောက်မှာ ဘယ်လိုမှပတ်သက်မှာမဟုတ်ပဲ အမည်ဝှက်နေဖို့ သဘောတူခဲ့တဲ့အကြောင်းကိုလဲ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Cristiano လို့ Cristiano Ronaldo ကိုယ်တိုင်ကပဲနာမည်ပေးခဲ့တဲ့ သူ့ ရဲ့ ၃ပတ်သား ခလေးလေးကို လက်ရှိမှာတော့ ပေါ်တူဂီမှာရှိတဲ့ သူ့ရဲ့ မိခင်နဲ့ ညီမဖြစ်သူတို့က ကြည့်ရှုစောင့်ရှောက် ထားပါတယ်။ အငှားမိခင်နဲ့ ခလေးယူတာဟာ မိုက်ကယ်ဂျက်ဆင် ကလူမျိုးရေးနဲ့ဆိုင်ပြီး ခရစ်စတီးနား ရော်နာလ်ဒိုကတော့ ငွေရေးကြေးရေးနဲ့ဆိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အနောက်နိုင်ငံတွေရဲ့ တစ်ရားဥပဒေအရ လက်ထပ်ပြီးရင် မိန်းမ ဖြစ်သူကလဲ ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်ခွင့် ရှိ တာကို ကြို တွက်ပြီး၊ တစ်ပတ်ကို စတာလင်ပေါင် ၂သိန်း နီးပါးဝင်ငွေရှိတဲ့ ခရစ်စတီးနား ဟာ သူ့ရဲ့ ကြွယ်ဝမှု တွေကို မျှဝေမပေးချင်လို့ လက်မထပ်ပဲ အငှားမိခင်နဲ့ပဲခလေး ယူခဲ့တယ်လို့ တစ်ချို့ကဝေဖန်ကြပါတယ်။ ရုရှားမော်ဒယ်လ် သူ့ချစ်သူနဲ့ ပထမ တစ်ရက်တွေ့ဆုံ မှုမှာ မပြေလည်တာတွေရှိ ခဲ့ ပေမဲ့ လဲ ဒီနေ့နောက်ဆုံးသတင်းမှာတော့ သူတို့ နှစ်ယောက် နယူးယောက် ဟော်တယ်လ် ရဲ့ ရေကူးကန်နဘေးမှာ ပျော်ရွှင်နေကြပုံ တွေကိုဖေါ်ပြထားပါတယ်။

photos from Daily Mail
MWD