လက်ဖက်ရည်ဆိုင်ထိုင်စဉ် ရှစ်ထပ်တိုက် မျက်နှာစာ အပိုင်းအစ တစ်ခုပြိုကျ၍ လူတစ်ဦးသေဆုံးခဲ့မှုအပေါ် အရေးယူ ရန် တောင်း ဆိုသော်လည်း ငြင်းပယ်ခဲ့ကြောင်းဆို

ပို့စ်တင်ချိန် - 3/31/2014 02:37:00 PM


လူတစ်ဦး သေဆုံးသည်အထိ ဖြစ်ခဲ့ သော တာမွေမြို့ ရှစ်ထပ်တိုက် မျက်နှာစာ အပိုင်းအစ တစ်ခုပြိုကျမှုအား အရေးယူ ရန် တောင်း ဆိုသော်လည်း သဘာဝဘေး အန္တရာယ်နှင့် ဆောက်လက်စ တိုက်မဟုတ် ဟုဆိုသော အကြောင်းများဖြင့် သက်ဆိုင် ရာဌာန များမှ ငြင်းပယ်မှုသည် တရားမျှတ မှုမရှိဟု တရား လွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင် က ပြောသည်။

”ပထမဆုံး တိုက်ကို တာဝန်ခံတဲ့ အင် ဂျင်နီယာနဲ့ကန်ထရိုက်ကို စည်ပင်က အ ရင် တရားစွဲရမယ်။ သဘာဝ ဘေးအန္တရာယ် ကြောင့်လို့ ပြောရင် တရားမျှတမှု မရှိဘူး၊ လူ့ အခွင့်အရေး ကိုမလိုက်နာဘူး၊ သူတို့ လုပ်ရပ်က သဘာဝ မကျဘူး”ဟု ၄င်းက ပြောသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က တာမွေ မြို့နယ်ရှိ ရှစ်ထပ်တိုက် မျက်နှာစာနံရံရှိ ကွန်ကရစ်တုံး အပိုင်းအစတစ်ခု ပြုတ်ကျ ရာမှ လက်ဖက်ရည် ဆိုင်ထိုင်နေသူ တစ်ဦး ဦးခေါင်း ထိမှန်ကာ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ထိုသေဆုံးမှု သည် ရဲအရေးပိုင်သည့် အမှု မဟုတ်သလို စည်ပင် ဥပဒေအရ လည်း အရေးယူစေရန် တိုင်တန်းနိုင်သည့် အခြေ အနေ မရှိ ဖြစ်နေသည်။ ယခုလ ၂၃ ရက် ည ၇ နာရီခွဲ ခန့် အချိန်တွင် တာမွေမြို့နယ် ကျောက်မြောင်း အထက် ရပ်ကွက် ဗညား ဒလလမ်းနှင့် သြဘာလမ်းထောင့် ရှိ ကုဋေ ကြွယ် လက်ဖက်ရည်ဆိုင်ရှေ့ ပလက် ဖောင်းပေါ်တွင် ဦးမင်းအောင်မှာ လက် ဖက်ရည် သောက်နေစဉ် ၄င်း၏ ခေါင်း ပေါ်သို့ ထို လက်ဖက်ရည်ဆိုင် ဖွင့်လှစ် ထားသည့် ရှစ်ထပ် အမြင့်ရှိ တိုက်အမှတ် ၃၄၄၊ ငါးလွှာ(စီ) မှ အလျား၂ ပေ အနံ ၁ ပေခန့် အထူ ၁ဝ လက်မခန့်ရှိ ကွန်က ရစ်တုံးတစ်ခု ပဲ့ကျကာ ထိမှန် ခဲ့ကြောင်း၊ ထိုထိ မှန်မှုကြောင့် ဦးမင်းအောင်သည် နဖူးစပ်မှ ဝဲချိုစောင်း စုတ်ပြဲ ဖူးရောင် ဒဏ်ရာရရှိပြီး သတိလစ်၍ ရန်ကုန်ဆေး ရုံကြီး ဦးနှောက်နှင့် အာရုံကြော အထူး ကုသဆောင် သို့ အတွင်း လူနာ အဖြစ် တက်ရောက် ကုသနေစဉ် နောက်တစ်နေ့ မတ်လ ၂၄ ရက် နံနက် ၇ နာ၇ီ ၅ မိနစ် ခန့်အချိန်တွင် သေဆုံး သွားခဲ့ကြောင်း၊ ရန် ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှတ်တမ်း အရသိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တာမွေ ရဲစခန်းမှ သဘာဝ ဘေးအန္တရာယ် ကြောင့်ဖြစ်၍ အမှုဖွင့် မရကြောင်းပြော ကြားခဲ့ပြီး သက်ဆိုင်ရာ မြို့နယ် စည်ပင် ဌာနသို့ ဆက် သွယ်မေးကြည့်ရာ တွင်လည်း ဆောက်လက်စ တိုက် မဟုတ်သဖြင့် စည် ပင်ဥပဒေဖြင့် အရေးယူ၍ မရကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသော ဦးမင်းအောင်ဧ။် မိသားစုက အဆိုပါ ကိစ္စအား ရက်လည်ပြီး မှ အမှုမှန် ပေါ်ပေါက်ရေး အတွက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေဝေယံ
Popular Myanmar News