မကျွမ်းကျင်ဘဲ ဆိုင်ကယ်စီး၍ လူငယ်တစ်ဦး ဆိုင်ကယ်မှောက်၍ သေဆုံး

ပို့စ်တင်ချိန် - 3/31/2014 01:55:00 PM


အိမ်မဲ မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ မြစ်ကူးတံတားအဆင်း ပါရမီဒေါင့် ကျေးရွာတွင် ဆိုင်ကယ်မှောက်၍ လူငယ်တစ်ဦး သေဆုံးကြောင်း သိရသည်။ မတ် (၂၉) ရက် ညနေ (၆) နာရီက ပါရမီဒေါင့်ကျေးရွာအုပ်စု ကျုံခရီပိုင်း ကျေးရွာနေ အဘဦး မောင်ဝင်း၏သား မောင်ဥာဏ်လင်းကိုကို၊ အသက် (၁၆) နှစ်သည် သူငယ်ချင်းတစ်ဦး၏ ဆိုင်ကယ်အား ခေတ္တ စီးမည်ပြောပြီး ဆိုင်ကယ်ကို ယူစီးသွားခဲ့သည်။ကျွမ်းကျင်စွာမစီးတတ်သေးဘဲအရှိန်ပြင်းစွာ မောင်းနှင်သွားခဲ့ရာ မြစ်ကူး တံတားအဆင်း ချောက်ထဲသို့ထိုးကျ၍ နေရာတွင်ပြင်းထန်သောဒဏ်ရာများဖြင့် ပွဲခြင်းပြီးသေဆုံးသွားကြောင်း သိရ သည်။
မောင်ဥာဏ်လင်းကိုကိုသည် (၉) တန်းဖြေဆိုထားသော ကျောင်းသားတစ်ဦးဖြစ်ပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းရေးမှ သတ်မှတ်ထားသော အသက်မပြည့်ဘဲနှင့် ယာဉ်မမောင်းရ ဥပဒေကိုချိုးဖေါက်ကာဆိုင်ကယ်ကို မဆင်မချင် မောင်းနှင်မှုကြောင့်ဖြစ်ရကြောင်း သား/သမီးရှိသော မိဘများ သင်ခန်းစာယူစရာအဖြစ် သတင်းပေးပို့ အပ်ပါသည်။

MOI Webportal Myanmar