အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်လျှင် စားသုံးသူအား အကြိတ် ကင်ဆာ ဖြစ်ပွားနိုင်

ပို့စ်တင်ချိန် - 6/05/2014 08:09:00 PM


သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန် မြင့်ဖြင့် အသားများကို ကြော်လှော် စားသောက်ပါက အကြိတ် ကင်ဆာ ဖြစ်ပေါ် စေနိုင်သည့် ရာခိုင်နှုန်း များကြောင့် လေ့လာတွေ့ ရှိရသည် ။

အပူရှိန်မြင့်ဖြင့် အသားကို ကြောက်လှော်ပါက အသားတွင် ဓာတုဓာတ် တစ်မျိုး ဖြစ်ပေါ် စေနိုင်ပြီး ယင်းဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက် ပျက်စီး စေနိုင်သည်။

အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် အဆိုပါ တွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည် ။

ကယ်လီ ဖိုနီးယား ပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော် ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွား နိုင်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည် ။

မြ၀တီ