အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင်တော့မည် မဟုတ်

ပို့စ်တင်ချိန် - 6/05/2014 07:51:00 PM



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံး အသင်းများ စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

MFF မှ မီဒီယာတာဝန်ခံ ဦးစိုးမိုးက “ကျွန်တော်တို့အနေနဲ့ အစက အာရှအားကစားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သလို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်လည်း အစီအစဉ်တွေ လုပ်ပြီးပါပြီ။ ဒါပေမဲ့ အခုနှစ်အတွင်းမှာ ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေက များပြားနေသလို အောင်မြင်မှုရရှိဖို့လည်း အခွင့်အရေးက အရမ်းနည်းတာကြောင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး ၀င်မယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့တာပါ” ဟု ပြောကြားသည်။ မြန်မာအမျိုးသား ဘောလုံးအသင်းမှာ အာရှအားကစားပြိုင်ပွဲကို ၁၉၉၄ ခုနှစ်က နောက်ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာမူ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၁၆ ရက် မှ အောက်တိုဘာ ၄ ရက်အထိ တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၀ မျိုးဝန်းကျင်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group