ရေခဲမုန့် ဝယ်စားရာမှ မကျေနပ်မှုကြောင့် အရေးပေါ်နံပါတ်သို့ ဖုန်းဆက်တိုင်ကြား

ပို့စ်တင်ချိန် - 6/05/2014 02:31:00 PM


ဗြိတိသျှ ရဲတပ်ဖွဲ့သည် ရေခဲမုန့် ဝယ်စားရာမှ အငြင်းပွားမှုကို အရေးပေါ် ဖုန်းနံပါတ် 999 သို့ ခေါ်ဆိုတိုင်ကြားမှု တစ်ခုကို ထုတ်ပြန်ပြသလိုက်သည်။

အလွန်အရေးကြီးသည့်အခြေအနေ များတွင်သာ ယင်းနံပါတ်ကို ခေါ်ဆိုပါရန် ရဲတပ်ဖွဲ့က အကြိမ်ကြိမ် တိုက်တွန်း
နေသော်လည်း  ယခုလို အသေးအမွှား ကိစ္စများကို တိုင်ကြားမှုများစွာ ရှိနေဆဲ ဟု ဝက်စ်မစ်ဒ်လန်းစ် ရဲတပ်ဖွဲ့က လက်တွေ့ပြသခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ဖုန်းခေါ်ဆိုသည့် အမျိုးသမီး၏  အမည်ကိုမထုတ်ပြန်ခဲ့သော်လည်း သူမ၏ ၁ မိနစ်ကြာမျှ ဖုန်းခေါ်ဆိုမှု အပြည့်
အစုံကိုမူ ဖော်ပြထားခဲ့သည်။ ထိုအသံ ဖိုင်ကို ထုတ်လွှင့်ခဲ့ပြီးနောက် 999 နံပါတ်ကို ပေါ့ပေါ့တန်တန် ဖုန်းခေါ်မှုမျိုး မပြုလုပ်ရန်လည်း ရဲများက ထပ်မံပန်ကြားခဲ့သည်။

ဖုန်းခေါ်ဆိုမှုကို ဖမ်းယူထားသည့် အသံဖိုင် အတွင်း၌ အမျိုးသမီးက “ကျွန်မက ရေခဲမုန့်မှာတော့ ဆိုင်ရှင်က ရေခဲမုန့်ကို တစ်ဖက်ပဲ ဖြည့်ပေးတယ်။ တစ်ဖက်မှာ ဘာမှပါမလာဘူး။ ကျွန်မ က ပိုက်ဆံပြန်အမ်းဖို့ တောင်းတော့ လည်း သူက ငြင်းတယ်။ မကျေနပ်ရင်
ကြိုက်သလိုရှင်းလို့ ရတယ်လို့လည်း စိန်ခေါ်သေးတယ်” ဟု တတွတ်တွတ် တိုင်ကြားထားသည်။ ရဲအရာရှိ တစ်ဦး ဖြစ်သည့် ဂျင်မ်အန်ဒရိုနော့ဗ်က “ထား ပါတော့၊ အဲဒီအမျိုးသမီး ဖုန်းခေါ်နေတဲ့ အချိန်မှာတခြားလူတစ်ယောက်ယောက် က သေရေးရှင်ရေး ကိစ္စတစ်ခုအတွက် ဖုန်းလှမ်းဆက်နေရင်ဘယ်လိုလုပ်မလဲ။ ၁ မိနစ်ဆိုတာ ဘေးကျပ်နံကျပ် ဖြစ်နေ တဲ့ လူတစ်ယောက်အတွက် စောင့်ရ
တာ အင်မတန်ကြာတယ်။ 999 နံပါတ် ကို ခုလို ပေါ့ပေါ့တန်တန် ဖုန်းခေါ်နေ တာမျိုးတွေ အတွက်တော့ ကျွန်တော် တို့လည်း အရမ်းကို စိတ်ပျက်မိပါတယ်” ဟု ပြောကြားသွားသည်။


Planet Myanmar Network

အသံဖိုင်
 credit> metro.co.uk
image: bbc.co.uk