အမွှေးအရှည်ဆုံး လူသားအဖြစ်သတ်မှတ်ခံရတဲ့ ထိုင်းနိုင်ငံက ကျောင်းသူမလေး

ပို့စ်တင်ချိန် - 6/05/2014 09:28:00 AM





ထိုင်းနိုင်ငံက ကျောင်းသူမလေးတစ်ယောက်ရဲ့ မျက်နှာမှာ ခွေးစုတ်ဖွားလေးတွေ၊ ကြောင်လေးတွေ၊ ခြင်္သေ့တွေလို မွှေးညှင်းထူထူရှည်ရှည်တွေပေါက်နေတဲ့အတွက် သူမကို ကမ္ဘာ့ မွှေးညှင်းအထူဆုံးလူသားအဖြစ် ဂရင်းနစ်စံချိန်သွင်းခံခဲ့ရပါတယ်။


အသက် ၁၄ နှစ် အရွယ်ကျောင်းသူမလေး ဆူပါထရာ ဆက်စူဖန် ရဲ့ ဒီမွှေးညှင်းတွေက မျက်နှာတစ်ဝိုက်မှာ အများဆုံးပေါက်ပြီး ဆံပင်တွေနဲ့အတူ မျက်နှာတစ်ခုလုံးမှာ အခုလိုဖုံးအုပ်နေတာပါပဲ။
သူမငယ်စဉ်မွေးကတည်းက ပေါက်နေခဲ့တာဖြစ်ပြီးတော့ တဖြည်းဖြည်းရှည်ရှည်လာခဲ့ တဲ့အတွက် မိခင်ဖြစ်သူက မကြာခဏ ဓါးနဲ့ရိတ်ရိတ်ပေးပါတယ်။
ဆူပါထရာ လေးက ကျောင်းစာတွေကို အသေအချာကြိုးစားသင်ယူနေပြီးတော့ သူမရဲ့ အနာဂတ်ဘ၀ ရည်မှန်းချက်က ဆရာဝန်တစ်ယောက်အဖြစ်နဲ့ လူနာတွေကို အကောင်းဆုံးပြုစု ကုသပေးချင်ပါတယ်တဲ့။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ချစ်ချစ် ခင်ခင်ပေါင်းသင်း တတ်သူဖြစ်ပြီး စိတ်ဓာတ်လည်းတော်တော် ကြံ့ခိုင်တတ်သူလို့လည်း သိရပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)