ကိုရီးယားမှ ပြန်ရောက်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားအချို့ မထုတ်ယူရသေးသည့် အာမခံကြေးများ ပြန်လည်ဆက်သွယ် ပေးအပ်သွားမည်

ပို့စ်တင်ချိန် - 6/05/2014 07:48:00 PM



ရန်‌ကုန်‌၊ဇွန်‌၊၅

ကိုရီးယားသို့သွား‌ရောက်‌အလုပ်‌လုပ်‌ကိုင်‌ပြီးပြန်‌လည်‌‌ရောက်‌ရှိလာ‌သောမြန်‌မာလုပ်‌သားများထဲမှအာမခံ‌ကြေးထုတ်မ‌လာ‌သောသူများကို၎င်းတို့ အား ဆက်‌သွယ်‌၍ပြန်‌လည်‌‌ပေးအပ်‌သွားရန်‌ရှိ‌ကြောင်းလူ့စွမ်းအားအရင်း
အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှုပြုလုပ်ပေးနေသော
ကိုရီးယား အဖွဲ့အစည်းထံမှသိရသည်။

‌အဆိုပါအဖွဲ့အစည်းသည် အစိုးရချင်းသဘောတူညီမှုဖြင့် လုပ်သားပို့ဆောင်ပေးနေသောHRD KOREA (EPS Center In Myanmar) ဖြစ်ပြီးDirector General of the Center Cho Yong-ilက‌ အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်‌မာမှကိုရီးယားသို့သွား‌ရောက်‌အလုပ်‌လုပ်‌ကိုင်‌ရာတွင်‌ အာမခံအမျိုးအစား၎မျိုးကို‌ပေးသွင်းရပြီး အဆိုပါအာမခံ၎မျိုးမှာ
အသက်‌အာမခံ၊လစာ‌ငွေအာမခံ၊အလုပ်‌ပြီးဆုံးချိန်‌အကျိုးခံစားခွင့်‌အာ
မခံနှင့်‌ပြည်‌‌တော်‌ပြန်‌စရိတ်‌အာမခံတို့ဖြစ်‌သည်‌။အဆိုပါ၎မျိုးမှမြန်‌မာ
လုပ်‌သားများ၃နှစ်‌သက်‌တမ်းပြည့်‌၍ပြည်‌တွင်းသို့ပြန်‌လာပါကအ
လုပ်‌ပြီးဆုံးချိန်‌အကျိုးခံစားခွင့်‌အာမခံနှင့်‌ပြည်‌‌တော်‌ပြန်‌စရိတ်‌အာမခံ၂
မျိုးကိုထုတ်‌ယူရမည်‌ဖြစ်‌‌ကြောင်း၎င်းကဆက်‌‌ပြောသည်‌။

`အခုအလုပ်‌သမား‌တွေကပြန်‌ဖို့အတွက်‌အာရုံ‌ရောက်‌‌နေကျ‌တော့ဒါ‌တွေ
ထုတ်‌ဖို့ကို‌မေ့သွားကြတာရှိတယ်‌။သူတို့‌တွေကိုအစိုးရက‌နေပြန်‌‌ပေးရမယ်‌ဆိုတဲ့
အတွက်‌ပြန်‌ဆက်‌သွယ်‌‌ပေးမှာ´ ဟုCho Yong-ilကရှင်းပြသည်‌။

အဆိုပါအာမခံ‌ကြေး‌ငွေမှာအလုပ်‌သမားများလုပ်‌ခမှ‌ပေးသွင်းခဲ့သည့်‌‌ငွေ‌ကြေးဖြစ်‌သည့်‌အတွက်‌အာမခံ‌ကြေးထုတ်‌ယူရန်‌ကျန်‌ရှိ‌သောလုပ်‌သား၈၇‌ယောက်‌ကိုပြန်‌လည်‌‌ပေးရန်‌စီစဉ်‌ခြင်းဖြစ်‌ပြီး အဆိုပါလူဦး‌ရေအတွက်‌ပြန်‌‌ပေးမည့်‌အာမခံ‌ကြေးမှာ ကန်‌‌ဒေါ်လာ၄၆၀၀၀ခန့်‌ရှိ‌ကြောင်းသိရသည်‌။

လူစာရင်း‌တွေကို‌တော့‌ကြေညာဖို့ကျ‌တော့လူအစားထိုးလာတာ‌တွေဖြစ်‌လာနိုင်‌လို့မထုတ်‌ပြန်‌ပါဘူး ဟုCho Yong-ilက‌ပြောသည်‌။လက်‌ရှိကိုရီးယားသို့ သွား‌ရောက်‌အလုပ်‌လုပ်‌ကိုင်‌‌သောမြန်‌မာလုပ်‌သား၁၂၀၀၀‌ကျော်‌
ရှိပြီဖြစ်‌‌ကြောင်းသိရသည်‌။

ခိုင်‌နွယ်‌ဦး
Popular Myanmar News Journal