ဒဏ်ရာကြောင့် တကိုယ်တည်းလေ့ကျင့်နေရသည့် ရော်နယ်ဒို

ပို့စ်တင်ချိန် - 6/05/2014 07:21:00 PM


ပေါ်တူဂီ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဒူးဒဏ်ရာ အခြေအနေကြောင့် ဇွန် ၄ ရက်နေ့ လေ့ကျင့်ရေး အစီအစဉ်မှာ တယောက်တည်း လေ့ကျင့်ခဲ့ရပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်ဒိုဟာ ပေါင်ခြံက ဒဏ်ရာကို ကုသနေရတဲ့အတွက် ပေါ်တူ ဂီ အသင်းဖော်တွေနဲ့အတူ မလေ့ကျင့်နိုင်တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့အတူ ကွင်းလယ်သမား မီရီလက်စ်နဲ့ နောက်တန်းသမား ပက်ပ်ီတို့လည်း ဒဏ်ရာတွေကနေ ပျောက်ကင်းလာဖို့အတွက် ကုသမှု ခံယူနေရပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့် ခြေစမ်းဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတာပါ။
ပေါ်တူဂီ တိုက်စစ်မှူးတယောက်ဖြစ်တဲ့ အယ်မီဒါကတော့ ရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေ သက်သာ ပျောက်ကင်းလာနေတဲ့အတွက် အားလုံး ၀မ်းသာနေကြောင်း ပြောပါတယ်။

ပေါ်တူဂီဟာအသင်းဟာ ဇွန်လ ၆ ရက်နေ့မှာ မက္ကဆီကိုအသင်းနဲ့ ဘော့စတွန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဂျီမှာ ပေါ်တူဂီအသင်းဟာ ဂျာမနီ၊ ဂါနာ၊ အမေရိကန်တို့နဲ့ ကျရောက်နေပြီး ဇွန် ၁၆ ရက်နေ့ အုပ်စုအဖွင့်ပွဲမှာ နာမည်ကြီး ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

DVB Burmese