ကွန်တိန်နာယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်

ပို့စ်တင်ချိန် - 6/05/2014 07:38:00 PM



ရန်ကုန်၊ ဇွန် ၅

ကွန်တိန်နာယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှု တစ်ခု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်မှာဗိုလ်တစ်ထောင်ဈေးလမ်းအတိုင်း တောင်မှ
မြောက်သို့မောင်းနင်း လာရာ မဟာဗန္ဓုလလမ်းအရောက် ညာဘက် သို့ ကွေ့ရာတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“ကွေ့တဲ့အရှိန်နဲ့ တင်လာတဲ့ ၀ိတ်နဲ့မမျှတော့မှောက်သွားတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူသာ အနည်းငယ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး လမ်း သွားလမ်းလာများ ထိခိုက်မှုမရှိ ခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများက
ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal