ဒီချုပ်ပါတီရုံးရှေ့ ဆဲဆိုခြိမ်းခြောက်သူကို အမှုဖွင့်

ပို့စ်တင်ချိန် - 6/05/2014 08:12:00 PM


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီရုံးရှေ့တွင် နှစ်ကြိမ်တိုင်တိုင် ဆဲဆိုခြိမ်းခြောက်သူကို  ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အမှုဖွင့်တိုင်ကြားထားကြောင်း ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပျဉ်းမနားမြို့နယ် ငကောင်း ကံကျေးရွာအုပ်စု၊  ဇီးကုန်းကျေး ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရပ်ကျေးရုံးရှေ့တွင် မေလ ၃၁ ရက်က တစ်ကြိမ်၊  ဇွန်လ ၂ ရက်က တစ်ကြိမ်လာရောက် ဆဲရေးတိုင်းထွာကာ  ပါတီကိုတပ်၍ ခြိမ်းခြောက်မှုများ ရှိနေသည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရဲစခန်းအနေဖြင့် ရဲအရေး ပိုင်သည့် ဆဲဆိုခြိမ်းခြောက်မှုကို သာ  အဓိကထား စစ်ချက်ယူလုပ် ဆောင်ပေးသွားမည်ဟုပြော ကြောင်း နေပြည်တော်အမျိုးသား    ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက် တာညီညီဇော်က ပြောသည်။

မေလ ၃၁ ရက်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ငြိမ်း ချမ်းရေးနှင့်  ပွင့်လင်းလူ့အဖွဲ့အ စည်းတို့ ပူးပေါင်းကာ အခြေခံဥပဒေပြင်ဆင်ရန်စီစဉ်နေချိန်တွင်တစ် ရွာတည်းနေ ဦးဟန်ဝင်းအောင်ဆိုသူက  ပါတီရုံးအတွင်းသို့ ၀င် ရောက်ကာ ဆဲရေးမှုများပြုလုပ်ခဲ့ ကြောင်း၊  ဇွန်လ ၂ ရက်တွင် ထပ် မံ၍ NLD ပါတီကို ဂရုမစိုက်ဟု ဆိုပြီး ပုဂ္ဂိုလ်ရေးအရ ရိုင်းစိုင်းစွာဆဲဆိုမှုများရှိသည်ဟုဆိုကာ အမှုဖွင့်ခဲ့ကြောင်း အမှုစစ်ထံမှ သိရသည်။

‘‘ပါတီအနေနဲ့ တိုင်ကြားလို့ မရတဲ့အတွက် ဒီကိစ္စကို ရုံးချုပ်ကို တိုင်သွားမှာပါ။ ဒီကိစ္စမှာလာဆဲ တဲ့သူက တခြားပါတီကပါတီဝင် တစ်ယောက်လို့ သိရတယ်။ အသေးအဖွဲကနေ ကြီးမားတဲ့ ပြဿနာ တစ်ရပ်ဖြစ်လာနိုင်ပါတယ်’’ ဟုဒေါက်တာ ညီညီဇော်က ပြောကြားသည်။

   အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ ပျဉ်းမနားရဲတပ်ဖွဲ့ရုံးမှ အိမ်ကျော်နင်းမှု၊ ဆဲဆိုမှု၊ ခြိမ်း ခြောက်မှုတို့ဖြင့် မေလ ၄ ရက်တွင် စစ်ဆေးအရေးယူမှုများကို ဆောင် ရွက်သွားမည်ဖြစ်သည်။

7day daily