အဲသလိုအတိုင်း ရွေးလိုက်ပါ - ဟာသ

ပို့စ်တင်ချိန် - 6/05/2014 07:06:00 PM


လွှတ်တော်အမတ်တစ်ဦးသည် လွှတ်တော်တက်ရန် ကားဖြင့်အသွားတွင်
ဖရဲသီးကြီးတစ်လုံးထမ်းလာသူကို တွေ့လိုက်ရသည်။ ကားကိုရပ်ပြီး
ဖရဲသီးဆင်းဝယ်လိုက်သည်။
“ခင်ဗျားဖရဲသီးက ကြီးလှချည်လား။ ကျွန်တော့ိကိုရောင်းပါဗျာ”
“ဈေးကောင်းပေးရင် ရောင်းရတာပေါ့လေ၊ ကြိုက်တာရွေးပေါ့”
“ဟင်၊ ဖရဲသီးက တစ်လုံးထဲ၊ ဘယ်လိုရွေးရမှာတုန်း”
“ရွေးကောက်ပွဲတုန်းက ခင်ဗျားတစ်ယောက်ထဲကို ကျွန်တော်တို့ ရွေးခဲ့ရသလို ရွေးပေါ့ဗျာ”

ရဲစတိုင်း
The Myanma Age